၂၀၁၆-၂၀၁၇ ပညာသင်နှစ်ရဲ့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်း စာမေးပွဲရက်ပြောင်းရွှေ့သတ်မှတ်

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် စစ်ဆေးရမယ့် အခြေခံပညာ အလယ်တန်း အဋ္ဌမတန်းနဲ့ အခြေခံပညာမူလတန်း စတုတ္ထတန်း စာမေးပွဲရက်များကို ပြောင်းရွှေ့သတ်မှတ် လိုက် တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ သိရပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့်စစ်ဆေးရမယ့် အခြေခံပညာအလယ်တန်း အဋ္ဌမတန်းနဲ့ အခြေခံပညာမူလတန်း စတုတ္ထတန်း စာမေးပွဲတွေကို အရင်သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၇ ရက် အစား ၂၂ ရက်မှ ၂၈ ရက်အတွင်း တနင်္ဂနွေနေ့မပါ ပြောင်းလဲစစ်ဆေးရန် သတ်မှတ်လိုက်ပါတယ်။

အခြေခံပညာအဆင့်ရှိ ကျန်ရှိတဲ့အတန်းတွေရဲ့ ကျောင်းတွင်းစစ်ဆေးခြင်းတွေကို မူလသတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၁၃ ရက် ကနေ ၁၈ ရက်အတွင်း ကျင်းပမယ့်အစား ၁၄ ရက်ကနေ ၂၀ ရက်အတွင်း တနင်္ဂနွေ နေ့မပါ ပြင်ဆင်သတ်မှတ်ထားကြောင်း သိရပါတယ်။ မူလတန်းအောက်ဆင့် ပထမတန်းတွင် သင်ကြားပြီးစီးမှု အပေါ် ပုံမှန်စစ်ဆေးခြင်းနဲ့ ဒုတိယတန်းအတွက် အခန်းဆုံးစစ်ဆေးမှုတွေကို ဖေဖော်ဝါရီလ ၁၄ ရက်ကနေ၂၀ ရက်အတွင်း၊ မူလတန်း အထက်ဆင့် တတိယတန်းနဲ့ အလယ်တန်းအဆင့် ပဉ္စမတန်း၊ အဋ္ဌမတန်းနဲ့ သတ္တမ တန်း တို့အတွက် အခန်းဆုံး စစ်ဆေးမှုတွေကို ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၂၀ ရက်အတွင်း တစ်ရက်လျှင် တစ်ဘာသာစီအား ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်နှုန်းနဲ့ စစ်ဆေးရန်၊ အထက်တန်းအဆင့် နဝမတန်းအတွက် နှစ်ဝက်ဆုံးစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၂၀ ရက်တွင်း၊ အထက်တန်းအဆင့် ဒဿမတန်းအတွက် နှစ်ဝက်ဆုံးစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁၄ ရက် ကနေ ၂၀ ရက်အတွင်း ဘာသာရပ် တစ်ခုလျှင် ဖြေဆိုချိန် ၃ နာရီ သတ်မှတ်ကာ စစ်ဆေးရန် ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်အနေနဲ့ အခြေခံပညာဦးစီးဌာနကို တင်ပြအတည်ပြုချက်ယူထားတဲ့ ရက်များအတိုင်းသာ စစ်ဆေး သွားရမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ကိုတော့ ပြောင်းလဲမှုမရှိဘဲ စစ်ဆေးပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။