နိုင်ငံတော်သမ္မတ(ငြိမ်း)အား ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှဦးစီး၍ လူငယ်များဂါရဝပြုမည်

 

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား လူငယ်များ စုပေါင်း၍ လာမည့်မတ် ၅ရက် တွင် နေပြည်တော်၌ ဂါရဝပြု တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်း အတွင်းရေးမှူး ကိုအောင်ပိုင်မင်းကပြောသည်။

ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းအတွင်းရေးမှူး ကိုအောင်ပိုင်မင်းက ”မနှစ်က သမ္မတရာထူးကအနားယူတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့အားလုံးက နှုတ်ဆက် ဂါရဝပြုကြတယ်။ အဲ့ဒီမှာ သမ္မတက ဆုံးမစကားပြောခဲ့တာရှိတယ်။ အဲ့ဒီစကားအတိုင်း ကျွန်တော်တို့လူငယ် တွေက ပရဟိတအဖွဲ့တွေထူထောင်တယ်။ တိုင်းပြည်အတွက် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြတယ်။

လွန်ခဲ့တဲ့နှစ်ကဆုံးမခဲ့တဲ့အတိုင်း လူငယ်တွေက ဘာတွေလုပ်ပြီးပြီဆိုတာတွေကို ပြန်ပြီးမြင် စေချင်တယ်။ ဒီအတွက် ခွင့်တောင်းပြီး ဂါရဝပြုပွဲလုပ်ဖို့ စီစဉ်တာ ပါ”ဟုပြောကြားခဲ့သည်။

အဆိုပါဂါရဝပြုတွေ့ဆုံပွဲကို ရွှေပြည် တော်သို့ဆုံမှတ်ပရဟိတအသင်းကဦး ဆောင်ပြီး သမ္မတကြီး ဦးသိန်းစိန် ချစ်ခင်လေးစားသူများအဖွဲ့၊ ရင်ထဲကအမိမြေ စသည့် ပရဟိတ အဖွဲ့များမှ လူငယ်များနှင့် ဂါရဝပြုလိုသောလူငယ်များပါဝင်မည်ဖြစ်ကြောင်း ရွှေပြည်တော် သို့ဆုံမှတ် ပရဟိတ အသင်းထံမှ သိရသည်။

အလားတူ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်အား ဂါရဝပြုတွေ့ဆုံလိုသူများအနေဖြင့် ယခုလ ၁၈ ရက် နောက်ဆုံးထားကာ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတ အသင်းသို့ စာရင်းပေး သွင်းရမည်ဖြစ်ပြီး လက်ရှိတွင် လူငယ် ၁ဝဝဝ ကျော်တက် ရောက်ဂါရဝပြုရန် စာရင်းပေး သွင်းထား ကြောင်း ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတ အသင်းထံမှ သိရသည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန်အား လူငယ် များက ပထမအကြိမ် တွေ့ဆုံဂါရဝပြုပွဲကို ၂ဝ၁၆ ခုနှစ် မတ်လ ၅ရက်က နေပြည် တော်သမ္မတအိမ်တော်ဝင့်ရွှေလွှာခန်းမ၌ ပြု လုပ်ခဲ့သည်။

မြင့်မြတ်အောင်မြင်