ကော့မှူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးကော်မတီဆိုင်းဘုတ်စိုက်ထူ

 

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၂ဝ၁၇ကြားဖြတ်ရွေးကောက် ပွဲဝင်ရန် အောင်နိုင်ရေးကော်မတီ ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက ကော့မှူးမြို့နယ်ပါတီရုံး ရှေ့တွင်စိုက်ထူခဲ့သည်။

အဆိုပါ အောင်နိုင်ရေးဆိုင်း ဘုတ်စိုက်ထူပွဲသို့ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးဝင်း ထိန်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော် ဇင်ဟိန်း၊ မြို့နယ်ကော်မတီများ စုံလင်စွာဖြင့် ဖွင့်လှစ်စိုက်ထူခဲ့ရာ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း)ဦးကျော်ဇင်ဟိန်းကမင်္ဂလာ အချိန်တွင် အမွှေးနံ့သာများပက် ဖျန်း၍ ကော့မှူးမြို့နယ် ပြည်ခိုင် ဖြိုးပါတီ မြို့နယ်ကော်မတီများ၊ ဒလမြို့နယ်ကော်မတီများစုပေါင်း လျက် အောင်နိုင်ရေးကော်မတီ ဆိုင်းဘုတ်စိုက်ထူပွဲကို ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည်။ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဦးကျော်ဇင်ဟိန်းက ”မိမိ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသသားလေးကျွန်တော့်ကိုတာဝန် ပေးပါ”ဆိုသည့်ခံယူချက်နှင့်အတူ ၂ဝ၁၇ကြားဖြတ်ရွေးကောက်ပွဲ မုချ အောင်ရမည်။

ကော့မှူးပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနိုင်ရမည်ဆို သည့် သန္နိဋ္ဌာန်နှင့်အတူ အားမာန် တွေကူပြီးပြိုင်ပွဲအတွက်အသင့်ရှိ နေကြောင်း၊ ပြိုင်ဘက်ကိုယ်စား လှယ်လောင်းများကိုလည်း နယ် မြေခံအနေဖြင့် နွေးထွေးစွာကြိုဆို ကြောင်း၊ ဥပဒေမူဘောင်တွင်းမှ ရိုးရှင်းစွာပြိုင်ပွဲဝင်လျက် ပြည်သူ က ဆုံးဖြတ်တာကို ကျေနပ်စွာ လက်ခံသွားမည်ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းကပြောသည်။

မြတ်ဟိန်းကျော်(ကော့မှူး)