မွန် ၊ မြန်မာ နှစ်ဘာသာဖြင့် တရနာ​ကျေးရွာ ပြည်​ခိုင်​ဖြိုးပါတီဆိုင်းဘုတ်​တင်

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၀၉း၀၀နာရီအချိန်၌ တရနာကျေးရွာ တွင်ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၊ ရပ်မိရပ်ဖများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာကော်မတီဝင်များ တက်ရောက်ကြသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဆိုင်းဘုတ်အား အမွှေးနံသာများ ပက်ဖြန်းပေးခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်အား မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်