ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ မုဒုံမြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများအား တွေ့ဆုံ

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခန်းမ၌ စက်တင်ဘာ (၈) ရက်နေ့ နေ့လည် (၁၁) နာရီမှစတင်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ် ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦးတို့မှ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းမှ ဗဟိုပါတီဌာနချုပ် ရဲ့ လမ်းညွှန်ချက်များနှင့် မိမိပါတီရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား ချပြဆွေးနွေးကာ တက်ရောက်လာကြသော ပါတီ ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးတို့မှသိရှိလိုတာများကို မေးမြန်းရာ ပြည်နယ်ပါတီဥက္ကဌမှ ရှင်းလင်းဖြေဆိုခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဌ ဦးကျော်ကျော်လွင်၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီဝင်၊ မြို့နယ်အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ စည်းမှူး များ စုစုပေါင်း အင်အား (၈၀)ဦး တက်ရောက်ခဲ့ကာ မွန်းလွဲ (၁၄း၁၅) နာရီချိန်တွင် တွေ့ဆုံပွဲ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

မုဒုံသား


Leave a Reply