လှိုင်သာယာပြည်ခိုင်ဖြိုးလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် မြို့နယ်/ရပ်ကျေး အစည်းအဝေးကို နိုဝင်ဘာ (၃၀) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြောက်ပိုင်းခရိုင် ပါတီဥက္ကဌ ဦးတင်ယုမှ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဌ ဦးတင်ယု၊ မြို့နယ် ပါတီခေတ္တဥက္ကဌ ဦးဇေယျာအောင် နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ကြီး(၂၀)၊ ကျေးရွာ(၉) အုပ်စု တို့မှ ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက်၍ မိမိတို့မြို့နယ်၊ ရပ်ကွက်/ကျေးရွာများ၏ အားနည်းချက် အားသာချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက်ခရိုင်ပါတီဥက္ကဌဦးတင်ယုမှ နိဂုံးချုပ်စကားပြောကြားခဲ့ပြီး မိမိတို့ပါတီ၏ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး ပူးပေါင်းလုပ်ဆောင်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

အောင်ကျော်မိုး(သတင်းမှတ်တမ်း)

# Yangon Thar


Leave a Reply