မဘိမ်းမြို့နယ်ပါတီရုံးတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့နှင့် မန္တလေးမြို့ မေတ္တာစမ်းရေ ပရဟိတအဖွဲ့မှ မျက်စိအထူးကုဆရာဝန် ဒေါက်တာ နွယ်နွယ်ဦး၊ သားဆက်ခြားဆရာဝန် ဒေါက်တာဖောင်ခမ်းတို့ ပူးပေါင်း၍ မျက်စိအခမဲ့စမ်းသပ်ခြင်း၊ မျက်မှန်အခမဲ့ တပ်ဆင် ပေးခြင်း၊ မျက်စဉ်း အခမဲ့ပေးခြင်း၊ အားဆေးအခမဲ့ပေးခြင်း၊ သားဆက်ခြားအခမဲ့ပြုလုပ်ပေးခြင်း လုပ်ငန်းများကို နိုဝင်ဘာလ (၂၆) ရက်မှ (၂၇) ရက်နေ့အထိ မြို့နယ်ပါတီရုံး၍ ဆောင်ရွက်ပေးခဲ့ရာ မျက်စိလူနာ (၄၇၀) ဦးအနက် (၄၂၀) ဦးအား အခမဲ့ မျက်မှန်တပ်ဆင်ပေးခြင်း၊ သားဆက်ခြားလူနာ (၇၀) ဦးအား သားဆက်ခြား ဆောင်ရွက်ပေးခြင်းနှင့် လူနာပေါင်း (၅၄၀) ဦးအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

zawlwin


Leave a Reply