ပြင်သစ်-မြန်မာချစ်ကြည်ရေး ယဉ်ကျေးမှုပွဲတော်ကာလ ရန်ကုန်မြို့တွင်း လမ်းအချို့ကို အချိန်ပိုင်းပိတ်မည်

13081804_1136480829709399_320826700_n

ပြင်သစ်-မြန်မာချစ် ကြည်ရေးယဉ်ကျေးမှုပွဲတော် ကျင်းပမည်ဖြစ်၍  ဒီဇင်ဘာ ၃ရက် နှင့် ၄ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် ပြည်လမ်းအပါအ၀င် လမ်းမကြီးအချို့ကို အချိန်ပိုင်း ပိတ်ထား မည်ဖြစ်ကြောင်း ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရရှိသည်။

ပြင်သစ်-မြန်မာချစ်ကြည် ရေး (၅၅)နှစ်မြောက် ‘‘မင်္ဂလာပါ’’ ယဉ်ကျေးမှုပွဲတော်ကျင်းပနေစဉ် ကာလတွင် ဒီဇင်ဘာ ၃ရက် နေ့ လယ် ၁၂နာရီမှ ည ၁၀နာရီအထိ မဟာဗန္ဓုလလမ်းကို ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအ ထိလမ်းပိတ်ထားမည်ဖြစ်သည်။

ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်းတို့မှ မောင်းနှင်ကြရန် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက သတိပေး နှိုးဆော်ထားသည်။ ထို့အပြင် နံနက် ၁၀နာရီမှ မွန်းလွဲ ၃နာရီအထိ ပြည်လမ်းကို ဟံသာဝတီအ၀ိုင်းမှ ပြည်ထောင်စုရိပ်သာအထိ လည်းကောင်း၊ ဗားကရာလမ်းနှင့် ရှင်စောပုလမ်း ကို ဦးဝိစာရလမ်းမဆုံမှ ဗဟိုလမ်း အထိလည်းကောင်း၊ အလုံလမ်းကို မြို့မကျောင်းလမ်းလမ်းဆုံမှ ဗဟိုလမ်းအထိလည်းကောင်း လမ်းများပိတ်ထားမည်ဖြစ်၍ မော်တော် ယာဉ်များအနေဖြင့် လမ်းလွှဲမောင်းနှင်ကြရန် သတိပေးနှိုးဆော်ထားသည်။

ပြင်သစ်-မြန်မာချစ်ကြည်ရေး ယဉ်ကျေးမှု ပွဲတော်ကို ဒီဇင် ဘာ ၂ရက်မှ ၄ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။


Leave a Reply