Windows 10 VR headset များအတွက် အနိမ့်ဆုံး ကွန်ပျူတာ သတ်မှတ်ချက်များကို Microsoft ထုတ်ပြန်

 

Microsoft သည် လာမည့်နှစ်တွင်ဖြန့်ချိမည့် Creators Update ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Windows 10 ကွန်ပျူတာအားလုံးတွင် virtual reality အတွေ့အကြုံများ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိသည်။

window-10-vr-headset

HTC Vive နှင့် Oculus Rift တို့တွင် ၎င်းတို့ကိုယ်ပိုင် custom software အသုံးပြုထားချိန်တွင် Microsoft က ကုမ္ပဏီ၏ HoloLens headset ကို ထောက်ပံ့ပေးရန်အတွက် Windows Holographic နှင့် ကိုယ်ပိုင် VR platform ကို ဖန်တီးရန် ကြိုးပမ်းနေသည်။ Microsoft သည် ၂၉၉ ဒေါ်လာဖြင့် ရောင်းချမည့် Windows 10 အတွက် VR headset များကို မိတ်ဆက်ပြသခဲ့ပြီးနောက် VR အတွေ့အကြုံများအတွက် လိုအပ်မည့် အနိမ့်ဆုံး ကွန်ပျူတာသတ်မှတ်ချက် အသေးစိတ်ကိုလည်း ထုတ်ပြန်ခဲ့သည်။

Microsoft ၏ နောက်ဆုံးပေါ် Windows 10 test build များတွင် “Windows Holographic First Run” application တစ်ခုပါဝင်လာသည်။ အဆိုပါ application သည် ကွန်ပျူတာကို VR ဖြင့် အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးပေးနိုင်သည်။ ထို application ဖြင့် စမ်းသပ်စစ်ဆေးမှုအရ VR headset များအတွက် အနိမ့်ဆုံး သတ်မှတ်ချက်များမှာ 4GB RAM, USB 3.0 port, DirectX 12 အထောက်အပံ့ပါသည့် ဂရပ်ဖစ်ကတ်တစ်ခုနှင့် hyperthreading ပါဝင်သည့် dual-core processor များအပါအဝင် 4 CPU core များဖြစ်သည်။

ထို့အတွက်ကြောင့် virtual reality ကို စိတ်ဝင်စားသူသူများအနေဖြင့် ကွန်ပျူတာအတွက် ငွေကြေးများစွာ သုံးစွဲရန်မလိုအပ်တော့ပေ။ သို့သော်လည်း ထိုသတ်မှတ်ချက်ဖြင့် အသုံးပြုနိုင်မည့် app နှင့် ဂိမ်းအမျိုးအစား များကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Microsoft သည် ဒီဇင်ဘာလတွင်ကျင်းပမည့် ပွဲတစ်ခု၌ Windows 10 အတွက် VR headset နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ရန် စီစဉ်ထားသည်ဟု သိရသည်။ Ref: TheVerge

# Internet Journal


Leave a Reply