ပျဉ်းမနားတွင်မြို့နယ်နှင့် ရပ်ကျေးပါတီ ပုံမှန်လပတ်အစည်းအဝေးကျင်းပ

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်အစည်းအဝေးအား နိုဝင်ဘာ (၉) ရက် နံနက် ၉ နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ၃၆ အုပ်စုမှ စည်းရုံးရေးမှူး နှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

15036737_345650785800274_5512604473345985273_n

ပထမပိုင်းအစီအစဉ်အရ မြို့နယ်ပါတီဆိုင်းဘုတ်အား အသစ်ပြန်လည်ပြုပြင်ကာစိုက်ထူခဲ့ပြီးနောက် တက်ရောက် လာသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ဒုတိယပိုင်း အစည်းအဝေးအစီအစဉ်တွင် ခရိုင် ပါတီကော်မတီဝင် ပျဉ်းမနားမြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူကျော်က အဖွင့်အမှာစကားပြောကာ မြို့နယ်ပါတီဥက္ကဋ္ဌက ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို လမ်းညွှန်ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ကော်မတီဝင် ဦးထက်မင်းအောင် (တရားလွှတ်တော်ရှေ့နေ) က Online & ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆ (ဃ) အကြောင်းသိကောင်းစရာ အမည်ဖြင့် Faebook သုံးစွဲသူများ သိရှိထားသင့်သည့် ဆောင်ရန် ရှောင်ရန်အချက်များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်တကွ ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ ပတ်သက်လို့ ရှင်းလင်းဆွေးနွေးပေးရခြင်းမှာ Facebook သုံးသူများအနေ ဖြင့် နိုင်ငံရေးနှင့်ပတ်သက်၍ဖြစ်စေ၊ အခြားလူပုဂ္ဂိုလ်တစ်ဦးဦးအကြောင်းနှင့် ပတ်သက်၍ဖြစ်စေ status တင် ရေးသားရာ၌ အသရေပျက်စေမည့်စကားလုံး အသုံးအနှုန်းများမပါရှိအောင် ဆင်ခြင်ရေးသားနိုင်ကြရန်လိုအပ်၍ ရေးသားမည်ဆိုပါက ရရှိထားသော သတင်းအချက်အလက်များဖြင့် ထောက်ပြဝေဖန်သည့် စကားလုံးများဖြင့်သာ သုံးစွဲတင်ပြကြရန်နှင့် ဥပဒေများက မည်ကဲ့သို့ ပြဋ္ဌာန်းတားမြစ်ထားကြောင်းအား မိမိတို့၏ အမာခံပါတီဝင်ထု အနေဖြင့် သိရှိနားလည်ထားနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဥပဒေနားလည်သူဖြင့် ရှင်းလင်းဆွေးနွေးပေးခြင်း ဖြစ်ကြောင်း မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက ပြောသည်။

ထက်ဦး(ပျဉ်းမနား)


Leave a Reply