ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေနှင့် လက်အိတ်များလှူဒါန်း

ဇူလိုင် ၇၊ လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၇-၇-၂၀၂၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ပါတီရုံးဧည့်ခန်းမ၌ လားရှိုး Covid-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် နေ့မအား ညမနား အင်တိုက်အားတိုက် စွမ်းစွမ်းတမံဆောင်ရွက်နေသည့်  Covid-19 operation team (lashio) သို့  လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် (2)သိန်းနှင့်  တစ်ခါသုံး လက်အိတ် (500) ခုအား တာဝန်ရှိသူထံသို့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။