တနိုင်းမြို့နယ်ပါတီကော်မတီများနှင့် ရပ်ကျေးစည်းမှူးများ စည်းဝေးပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများ လပတ်အစည်းဝေးကို နိုဝင်ဘာ (၉) ရက် နံနက် (၁၁) နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ အင်အား ၃၀ ဦးတက်ရောက်ကြသည်။

ta-nine

အစည်းဝေးတွင် မြို့နယ်ပါတီဥက္ကဌ အတွင်းရေးမှူးနှင့် စည်းရုံးရေးတာဝန်ခံတို့မှ နိုဝင်ဘာလတွင် ပါတီဝင် အင်အား တိုးပွားရေးတို့အား ဆွေးနွေးကြပြီး စီမံရေးရာတာဝန်ခံနှင့် ရပ်ကျေးစည်းမှူးတို့က လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးကြကာ လူငယ်ရေးရာတာဝန်ခံ ဦးဇော်မိုင်မှ မြို့နယ်ပါတီမှ ဖွဲ့စည်းထားသော မေတ္တာရှင် လူမူ ကူညီမူအသင်းအား လူငယ်ဝတ်စုံအထည် (၅၀) အား လှူဒါန်းရာ ၎င်းအဖွဲ့ခေါင်းဆောင် ကိုအောင်လီမှ လက်ခံ ရယူခဲ့ပြီး နေ့လည် (၂) နာရီအချိန်တွင် အစည်းအဝေး ပြီးဆုံးကြောင်း သတင်းရရှိသည်။


Leave a Reply