ဗဟိုအတိုင်ပင်ခံ ဦးကျော်ဆန်း ရွှေဘုန်းပွင့်စေတီတော် မသိုးသင်္ကန်းရက်လှူပွဲသို့ ငွေလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးကျော်ဆန်း ပြည်ထောင်စုဝန်ကြီး (ငြိမ်း)နှင့် ဇနီး ဒေါ်ကြည်ကြည်ဝင်းတို့သည် နိုဝင်ဘာ (၉) ရက် မွန်းလွဲ ၂ နာရီခွဲက ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့် စေတီတော်သို့ ရောက်ရှိပြီး ရွှေဘုန်းပွင့်စေတီတော်တွင် ကျင်းပမည့် (၂၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းကပ်လှူပွဲသို့ သင်္ကန်းအလှူငွေကျပ် ၁၈ဝဝဝဝ လှူဒါန်းရာ ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က လက်ခံခဲ့သည်။

u-kyaw-san

ယင်းနောက် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးကျော်ဆန်းက ရွှေ ဘုန်းပွင့်စေတီ တော်ကြီး ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး မှတ်တမ်းစာအုပ်များနှင့် အစည်းအဝေးများတွင် ပညာရှင်များ၏ တင်ပြ ဆွေးနွေးချက်များကို နောင်လာနောက်သားများ သိရှိနိုင်ရေးအတွက် မော်ကွန်းတိုက်သို့ ပေးပို့ရေးနှင့် အီလက်ထရွန်နစ်မှတ်တမ်းထားရှိနိုင်ရေး ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကာ စေတီတော်အား လှည့်လည်ကြည် ညို ဖူးမြော်ခဲ့ကြောင်း သိရသည်။

Uniondaily


Leave a Reply