တိုင်းဧရာပြည်ခိုင်ဖြိုးရဲ့ စုပေါင်းမဟာဘုံကထိန်ပွဲ

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်စီစဉ်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ပုသိမ်မြို့ပေါ်ရပ်ကွက် ကျေးရွာများနှင့် စုပေါင်းမဟာဘုံကထိန်ကို နိုဝင်ဘာ (၈) နံနက်၈နာရီအချိန်က ပုသိမ်မြို့ပေါ်တွင် စတင်လှည့်လည်ခဲ့ပြီး ပုသိမ်မြို့ အမှတ် ၁၄ရပ်ကွက်၊ ပန်းဆက်၊ သာသနာ့ဓမ္မဘုန်းတော်ကြီး ကျောင်းတွင် နံနက် ၁၀နာရီအချိန်၌ ဆရာတော်သံဃာတော် တရားတော်များကို နာယူမှတ်သားကာ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

14910523_868271253307368_256099573334995676_n

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (ငြိမ်း) ဦးသိန်းအောင်၊ တိုင်းပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ဥက္ကဌများ၊ အတွင်းရေးမှူး များနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာများရှိ ပါတီအဖွဲ့ခေါင်းဆောင်နှင့် ပါတီဝင်များတက်ရောက်ခဲ့ကြပြီး
ပြည်ခိုင်ဖြိုးပါတီမိသားစု စုပေါင်းမဟာဘုံကထိန်ကို ညီညီညွှတ်ညွှတ် တက်တက်ကြွကြွဖြင့် လုပ်အားဒါနများ
ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

# usdp Ayeyarwady Region News

 


Leave a Reply