ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ရေးမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ(၈)ရက်နေ့ မွန်းလွဲ (၁၁း၃၀)ချိန်မှ စတင်ကာ ပါတီဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့ဝင်များမှ မွန်ပြည်နယ် ရေးမြို့နယ် ပါတီ ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

14962687_1695734297405751_6800829833096506400_n

ရှေးဦးစွာ ပါတီဗဟိုအတွင်းရေးမှူးမှ ပါတီဗဟိုမှလိုက်ပါလာသော ရေးရာတာဝန်ခံများအား မိတ်ဆက်ပေးခြင်းနှင့် ပါတီရဲ့ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မြို့နယ်ပါတီရဲ့ အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို မေးမြန်းခဲ့ရာ၊ တက်ရောက်လာကြသော မြို့နယ်ဥက္ကဌမှ မိမိမြို့နယ်၏ လုပ်ဆောင်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်သွားမည် လုပ်ငန်းစဉ်များ၊ အားသာချက်/အားနည်းချက်များကို တင်ပြဆွေးနွေးပါသည်။
ဆက်လက်၍ ပါတီဗဟိုအတွင်းရေးမှူးမှ မြို့နယ်ပါတီဥက္ကဌ၏ ဆွေးနွေးချက်၊ တင်ပြချက်များကို ပြန်လည် ဆွေးနွေးပြီးနောက် ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်မှ အမျိုးသမီးရေးကိစ္စရပ်များ၊ ဗဟိုအလုပ်အမှု ဆောင် ဦးအောင်တင်မြင့်မှ တောင်သူလယ်သမားကိစ္စများကို ချပြဆွေးနွေးခဲ့ကာ လိုက်ပါလာကြသူများမှ အတွေ့ အကြုံများအား ဆွေးနွေးအကြံပြုခဲ့ပြီး မွန်းလွဲ (၀၁း၃၀)ချိန်တွင် တွေ့ဆုံပွဲပြီးမြှောက်ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ပါတီဥက္ကဌ အတွင်းရေးမှူးနှင့်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌ နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ


Leave a Reply