ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ကျိုင်းလပ်မြို့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

14612381_683304808511751_7605230654991328917_o

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်းသည် (၁၀-၁၀-၂၀၁၆) ရက်နေ့တွင် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်၊ ဦးလုတေ၊ ပါတီအမျိုးသမီးအဖွဲ့ဝင် ဒေါ်နာလောဘိုတို့သည် ကက်သလစ်သာသနာဘုရားကျောင်းများသို့ အရိပ်ရချယ်ရီပန်းအလှပင် (၂၀၀) လှူဒါန်း ရန်နှင့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကျိုင်းလပ်မြို့နယ်သို့ ကွင်းဆင်းသွားရောက်ခဲ့သည်။

ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း မိသားစုမှ ကျပ်(၁)သိန်း(၅)သောင်း တန်ဖိုးရှိ အရိပ်ရ ချယ်ရီပန်း အလှပင်(၂၀၀)အား မိုင်းလင်း ကျေးရွာ ကက်သလစ် သာသနာ ပုဂ္ဂိုလ်သုံးပါး ဘုရားကျောင်းသို့ (၁၀၀)ပင်၊ ကျော်အောင်ရွာဘုရားကျောင်း(၅၀)ပင်၊ နမ့်ငေါ့ရွာဘုရားကျောင်း(၅၀)ပင်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဗဟိုကော်မတီဝင်နှင့်အဖွဲ့သည် ၀မ်မီးမိုင်ရွာတွင် နမ့်ကိုင်းနေ၊ ကျကနမ့်ဝမ်း၊ ၀မ်မီးမိုင်ရွာ ပါတီ ခေါင်းဆောင်များနှင့်လည်းကောင်း၊ ကျိုင်းလပ်မြို့ ရပ်ကွက်(၁)၀မ်လုံ ဦးအောင်ထွန်းအိမ်တွင် ပါတီဝင်(၅၀)ဦးနှင့် လည်းကောင်း တွေ့ဆုံခြင်း၊ သီးတင်ကျွတ်လက်ဆောင်အဖြစ် မျက်နှာသုတ်ပုဝါများ လှူဒါန်းခြင်းနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား အသေးစိပ် ရှင်းလင်းခြင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

# Myo Thant

http://shwekhaingphyoe.blogspot.com/2016/…/blog-post_10.html


Leave a Reply