နေပြည်တော်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တပ်ကုန်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံပွဲကို တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၃၀) ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးဖေအံ့မောင်၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးနှင့် စုစုပေါင်းအင်အား ၆ဝ ခန့် တက် ရောက်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပါတီဥက္ကဋ္ဌကရပ်/ကျေးစည်း ရုံးရေးမှူးများ၏ ပါတီစည်းရုံးရေး လုပ်ငန်းများကိုပြန်လည်၍ ပေါင်း စပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နယ်မြေ တာဝန်ခံဦးဖေအံ့မောင်က ပါတီ၏ စည်းရုံးရေးလုပ်ငန်းစဉ် များနှင့် သတင်းမီဒီယာနှင့်ပတ်သက်သောလုပ်ငန်း ဆောင်ရွက်မှုများကို ရပ်/ကျေး စည်းရုံးရေးမှူးများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပေါ်ဦး(နေပြည်တော်)


Leave a Reply