သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဟိုတယ်နှင့် Service Apartment Project လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တင်ဒါခေါ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၈- သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဟိုတယ်နှင့် Service Apartment Project လုပ်ကိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသော ပြည်တွင်း၊ ပြည်ပလုပ် ငန်းရှင်များအား Thilawa Property Development Limited (TPD) က ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ Thilawa Propery Development Limited(TPD) သည် Myanmar Thilawa SEZ Holding Public Limited ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး သန်လျင်/ ကျောက်တန်းမြို့နယ်အ တွင်း သီလ၀ါ အထူးစီးပွား ရေးဇုန်ရှိ လူနေအိမ် ရာနှင့်ကုန်သွယ်မှုဆိုင်ရာ ဧရိယာ (Residential & Commercial Area) အတွက် အကောင် အထည်ဖော်ဆောင်ရန် စိတ်ဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ၊ နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း အဆိုပြုလွှာ (Request for Proposal) ပုံစံတစ်စောင်လျှင်ကျပ် ၁၀၀၀၀၀ ဖြင့် ကုန်သည်/စက်မှု အသင်းချုပ်ရှိ ကုမ္ပဏီရုံးခန်းတွင် စက် တင်ဘာ ၂၉ ရက်မှစတင်ကာ (ရုံးချိန် အတွင်း) စုံစမ်းဝယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။

Myanmar Thilawa SEZ Holding Public Limited မှ အမှုဆောင်ဒါရိုက်တာ ဦးဥာဏ်သစ် လှိုင်က ” ဒီလုပ်ငန်းက သီလ၀ါ အထူး စီးပွားရေးဇုန်ကို ပံ့ပိုးပေးနိုင်ဖို့အ တွက် ဟိုတယ်၊ ဆေးရုံ၊ ရဲစခန်းအပါအ၀င် လူနေအိမ်ရာနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ စီမံကိန်းများတည်ဆောက်ဖို့ရှိပါတယ်။ အဲဒီထဲမှာတစ်ခုပါဝင်တဲ့ ဟိုတယ်နဲ့ Service Apartment တည်ဆောက်ဖို့အတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေ ကို တင်ဒါခေါ်တာပါ ” ဟု စက်တင် ဘာ ၂၈ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

အဆိုပါလုပ်ငန်းအဆိုပြုလွှာ ပုံစံဝယ်ယူချိန်တွင် လုပ်ငန်းအဆိုပြု လွှာစည်းကမ်းနှင့်အတူ Project Location Map, Project Layout Map နှင့် Project Scope တို့ကို TPD မှ ပူးတွဲပေးအပ်မည်ဖြစ်ပြီး တင်ဒါ တင်သွင်းသူများ အနေဖြင့် လုပ်ငန်း အာမခံစပေါ်ငွေအမေရိကန်ဒေါ် လာ ၁၀၀၀၀၀ ပေးသွင်းလျှောက် ထားရမည်ဖြစ်ရာ အဆိုပြု လွှာအောင်မြင်ခြင်း မရှိပါက ပြန်လည်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဥာဏ်သစ်လှိုင်က ” အထူး သဖြင့် နိုင်ငံတကာလုပ်ငန်းရှင်တွေ FDI တွေအတွက်အားသာချက်ကတော့ သူတို့နာမည်နဲ့ တိုက်ရိုက်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကျွန် တော်တို့အနေနဲ့က မြေနေရာငှား ရမ်းပေးမယ်။ ငှားရမ်းပေးတဲ့နေရာ မှာ နှစ် ၅၀ အပေါင်းထပ်ပေး သွားမှာ ဖြစ်တဲ့အတွက် နိုင်ငံခြားလုပ်ငန်း ရှင်တွေလည်း သဘောကျမှာပါ ” ဟု ထပ်မံပြောသည်။

နိုဝင်ဘာ ၁၅ ရက်ကို အဆိုပြု လွှာပိတ်ရက်အဖြစ် သတ်မှတ်ထား ပြီး ယင်းလုပ်ငန်းကိုရင်းနှီးမြှုပ်နှံ ခြင်း၊ ဒီဇိုင်းရေး ဆွဲခြင်း၊ ဖွံ့ဖြိုးတည် ဆောက်မှုနှင့် လုပ်ငန်းလည်ပတ်ခြင်းများပြုလုပ်နိုင်ရန် အလားတူလုပ်ငန်းများနှင့် ပတ်သက်၍ ပြည် တွင်း၊ ပြည် ပနှင့်အပြည်ပြည်ဆိုင်ရာတို့၌ လုပ်ငန်းအတွေ့အကြုံရှိသော ငွေရေး ကြေးေ ရးခိုင်မာသော ၊ နာမည်ကောင်း ဂုဏ်သ တင်းနှင့်ပြည့် စုံသော ကုမ္ပဏီ အဖွဲ့အစည်းများထံမှ လုပ်ငန်းအ ဆိုပြုလွှာ (Request For Proposal)လျှောက် ထားနိုင်ကြောင်း သိရသည်။

#Democracytoday


Leave a Reply