အင်္ဂလန်နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေသည့် နည်းပြ (၅) ဦး

main-bigsam-replacments-2

တယ်လီဂရက်ဖ်သတင်းစာက ဖွင့်ချလိုက်တဲ့ အရှုပ်တော်ပုံကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆမ် အလာဒိုက်ဟာ ရာထူးက နှုတ်ထွက်လိုက်ရပြီဖြစ်ပါတယ်။ လက်ရှိ ယာယီနည်းပြ ဆောက်ဂိတ်က တာဝန်ယူထား ပေမယ့် မကြာခင် အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ဖို့ ရေပန်းစားနေတဲ့ နည်းပြ (၅) ဦးရှိပါတယ်။

အင်္ဂလန်နည်းပြအဖြစ်ခန့်အပ်ဖို့ ရေပန်းစားနေတဲ့ နည်းပြ (၅) ဦးရှိကတော့ နည်းပြဟောင်း ရွိုင်းဟော့ဆန်နဲ့အတူ လက်ထောက်နည်းပြလုပ်ဖူးသလို ဗလန်စီယာအသင်းကိုလည်း နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဘူးသူ ဂယ်ရီနဗီးလ်၊ လက်ရှိ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ မန်နေဂျာဖြစ်ပြီး အင်္ဂလန်မန်နေဂျာ ရာထူး ဆက်ခံဖို့ ရေပန်းအစားဆုံး နည်းပြဖြစ်သူ ဆောက်ဂိတ်၊ လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အောင်မြင်အဆင်ပြေတဲ့ အခြေအနေရှိ ပေမယ့်လို့ အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ဖို့ အက်ဖ်အေဘက်က လိုလားနေသူ တစ်ဦးဖြစ်သူ အလန်ပါဂျူး၊ ဟားလ်စီးတီးနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ဟားလ်စီးတီးနဲ့ လမ်းခွဲ ပြီးနောက် နည်းပြ စတိဗ်ဘရုစ်၊  ဘုန်းမော်အသင်းကို အောင်မြင်လာအောင် စွမ်းဆောင်ပေးထားသူ အသက် ၃၈ နှစ်ရှိ အက်ဒီဟောင်း တို့ ဖြစ်ကြောင်း သိရသည်။

Source : Mirror


Leave a Reply