လက်ထောက်နည်းပြ ရိုင်ယန်ဂစ် မန်ယူအသင်းမှ ထွက်ခွာမည်

250px-Cskamu_17

မန်ယူအသင်း၏ လက်ထောက်နည်းပြဖြစ်သူ ရိုင်ယန်ဂစ်သည် ချန်ပီယံရှစ်ကလပ် နော့တင် ဟမ်ဖောရက်အသင်း နည်းပြအဖြစ် ပြောင်းရွှေ့ တာဝန်ယူရန် လက်ရှိကလပ်မန်ယူအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းတွင် ကစားသမားဘဝနှင့် ရော နည်းပြဘဝနှင့်ပါ ၂၉ နှစ်ကြာဖြတ်သန်း ခဲ့ပြီးဖြစ်သည့် ရိုင်ယန်ဂစ်သည် မန်ယူအသင်း မှ ထွက်ခွာရန် သဘောတူညီထားပြီးဖြစ် ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

 အသက်(၄၂)နှစ်အရွယ်ရှိ ရိုင်ယန်ဂစ် အနေဖြင့် အသင်းမှ ထွက်ခွာလိုသော်လည်း နည်းပြသစ် မော်ရင်ဟို၏ လက်ထောက် နည်းပြအဖြစ် ဆက်လက်ရှိနေရန်လည်း အသင်းက တောင်းဆိုထားသည်။ 

သို့ရာတွင် နည်းပြဗန်ဟားလ်လက်ထက်တွင် လက်ထောက်နည်းပြအဖြစ် နှစ်နှစ် တာဝန်ယူခဲ့ပြီးဖြစ်သောကြောင့် လက်ထောက် နည်းပြဘဝနှင့် မမွေ့လျော်တော့ဘဲ နည်းပြ တစ်ဦးအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ရန် ရိုင်ယန်ဂစ် အနေဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


Leave a Reply