မြန်မာဘောလုံးအသင်း ဆီးဂိမ်းတွင် အောင်မြင်မှုရရေး ကျပ်သိန်း ၅၀၀၀ ကျော် အကုန်ခံ ပြင်ဆင်မည်

14469245_1245415612149253_341491521_n

မြန်မာဘောလုံးအသင်းဟာ မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် ကျပ်သိန်း ၅၀၀၀ ကျော် အကုန် ကျခံပြီး ပြင်ဆင်လေ့ကျင့်သွားမယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ကျင်းပမယ့် မလေးရှားဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာ ယူ ၂၂ အသင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲအထိရောက်ဖို့ မျှော်မှန်းထားတယ်လို့ ဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

မြန်မာယူ ၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူ ကိုင်တွယ်သွားမှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၀ ရက်မှာ လေ့ကျင့်မှုတွေ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

မြန်မာ ယူ ၂၂ အသင်းကို ယူ ၂၀ ကမ္ဘာ့ဖလား ၀င်ပြိုင်ခဲ့တဲ့အသင်းက ကစားသမားအများစုနဲ့ ဖွဲ့စည်းသွားမှာဖြစ်ပြီး နိုဝင်ဘာလအတွင်းမှာ ဗီယက်နမ် ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ၀င်ပြိုင်မှာဖြစ်သလို လာမယ့် ၂၀၁၇ ခုနှစ်မှာလည်း လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။

မြန်မာ ယူ ၂၂ အသင်းဟာ လာမယ့် ၂၀၁၇ ခုနှစ် မေလနဲ့ မတ်လအတွင်းမှာ မလေးရှား ယူ ၂၂၊ တရုတ်ယူ ၂၂ အသင်းတွေနဲ့ ခြေစမ်းမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာလည်း ၁၀ ရက်ကြာ သွားရောက်လေ့ကျင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

DVB


Leave a Reply