ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာစန်းရွှေ ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် စက်တင်ဘာ ၂၀ ရက် ညနေ (၃) နာရီခွဲက စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပုဏ္ဏားကျွန်းမြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်အပါအဝင် ပြည်နယ် ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးလှထွန်း(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးစန်းငွေ၊ စစ်တွေခရိုင် ပါတီဥက္ကဋ္ဌ၊ ပုဏ္ဏားကျွန်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ တက် ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင်မှ အဖွင့်အမှာစကား များ ပြောကြားခဲ့ပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌမှ မြို့နယ်ပါတီ၏ ဆောင်ရွက်ထားရှိမှု အခြေများအား ရှင်းလင်းတင်ပြခြင်း ကိစ္စရပ်များ၊ မြို့နယ်ပါတီအလိုက် ရေးရာကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ဆောင်ထားရှိမှုအခြေအနေများ၊ ရေးရာ အလိုက်ဖွဲ့စည်းထားရှိမှုတွင် လိုအပ်လျက်ရှိသည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်) မှ ပါတီကော်မတီများ ဖွဲ့စည်းခြင်း၊ ရေးရာ ကဏ္ဍအလိုက် ဖွဲ့စည်းခြင်း၊ ရုံးဝန်ထမ်း
များ လုပ်ဆောင်မှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်မှ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။

Nay Cho Thway


Leave a Reply