တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် လေးမျက်နှာမြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကားပြောကြား

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ နှင့် လေးမျက်နှာမြို့နယ် ပါတီကော်မတီတွေ့ဆုံပွဲကို စက်တင်ဘာလ (၁၉) ရက်က လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။

4face1

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ ဟင်္သာတခရိုင်ပါတီဥက္ကဌ ဦးညွန့်လှိုင်နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ လေးမျက်နှာမြို့နယ် ပါတီဥက္ကဌ ဦးသိန်းထွန်းနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲကို အခမ်းနားအစီစဉ်(၇)ရပ်ဖြင့် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ လမ်းညွန် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များမှ မြို့နယ်၊ ရပ်/ကျေးအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီစဉ်များကို ရှင်းလင်း တင်ပြကြကာ တိုင်းဒေသကြီးပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

# Laymyethna


Leave a Reply