၁ဝ၅ ကြိမ်မြောက် သစ္စာဓိဋ္ဌာန် စတုဒိသာအလှူတော် ရေစက်ချ အခမ်းအနား ပုပ္ပားတောင်ကလပ်တွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နတ်စင်တစ်ရာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာတေဇ ဦးဆောင်၍ အလှူရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို နာယကအဖွဲ့ (ဗဟိုဦးဆောင်ကော်မတီဝင်) ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းမိသားစုနှင့် ဒါယကာ ဒါယိကာမများ စုပေါင်း ၍ (၁ဝ၅)ကြိမ်မြောက် သစ္စာဓိဋ္ဌာန် စတုဒိသာအလှူတော် ရေစက်ချ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် စက်တင်ဘာ (၁၇) ရက်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး နှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးမြညိမ်း၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ ကျောက်ပန်းတောင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ညောင်ဦးခရိုင်နှင့် ညောင်ဦးမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်ကွက်၊ ကျေးရွာ ပါတီစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

၎င်းနောက် (၁ဝ၅)ကြိမ်မြောက် သစ္စာဓိဋ္ဌာန်စတုဒိသာ ကျွေးပွဲသို့ ကြွရောက်ကြသော ဧည့်ပရိသတ်များအား စတင်ဧည့်ခံ ကျွေးမွေးရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းမိသားစု၊ ပင်မစတုဒိသာအလှူရှင်များက ဝိုင်းဝန်း၍ လုပ်အားဒါနပြု ကြသူများနှင့် စတုဒိသာလာရောက်စားသုံးကြသူများအား ရင်းနှီးစွာ လိုက်လံ နှုတ်ဆက်၍ ဧည့်ခံကျွေးမွေးခဲ့ကြ သည်။

ထို့နောက် နံနက် ၉နာရီတွင် (၁ဝ၅)ကြိမ်မြောက် သစ္စာဓိဋ္ဌာန် စတုဒိသာအလှူတော် ရေစက်ချ အခမ်းအနားကို အောင်ဓမ္မာရုံ၌ ကျင်းပရာ သန်လျင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော် သံဃနာ ယကအကျိုးတော်ဆောင် ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်များက ပရိတ်တရား တော်များချီးမြှင့်သည်။

ဆက်လက်၍ (၁ဝ၅)ကြိမ်မြောက် စတုဒိသာအလှူဒါနပြုရခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ ဒေဝဒဟ သဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်းတိုက် အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာတေဇက လျှောက်ထားသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယကအဖွဲ့ (ဗဟိုဦးဆောင်ကော်မတီဝင်) ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း မိသားစု၊ ပင်မစတုဒိသာ အလှူရှင်များက ကြွရောက်လာကြသော ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပုပ္ပားတောင်ကလပ် အမကလွန် ကျောင်းအတွက် အလှူတော်ငွေများကို ဦးဌေးဦးက လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဦးက လက်ခံရယူသည်။

ဆက်လက်၍ သန်လျင်မြို့ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်းတိုက် အထူး သာသနာပြု ဆရာတော် ဘဒ္ဒန္တပညာတေဇထံ မှ အနုမောဒနာတရားနာယူကြပြီး ရေစက် သွန်းချ အမျှပေးဝေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အဆိုပါ(၁ဝ၅)ကြိမ်မြောက် စတုဒိသာကျွေးပွဲကို စက်တင်ဘာ (၁၇) ရက် နံနက် ၆နာရီခွဲမှ မွန်းလွဲ ၃နာရီ အထိ လှူဒါန်းကျွေးမွေးရာ ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများအနယ် နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးပြည်သူများ စုစုပေါင်း နှစ်သိန်းကျော် လာရောက်စားသုံးကြပြီး လူမှုရေးအသင်းအဖွဲ့များ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အင်အား ၁၅ဝဝ ကျော် လုပ်အားဒါန ပေးခဲ့ကြောင်း သိရသည်။

Union daily


Leave a Reply