ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိသေးသော်လည်း လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ဟု ကစားသမားများအား ဂွါဒီယိုလာ တိုက်တွန်း

14425284_1766258236960393_6082119401180589477_o

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက မိမိတို့ အသင်းမှာ ပရီးမီးယားလိဂ်ရာသီအစကို ရှုံးပွဲမရှိဖြတ် သန်းနိုင်ခဲ့ သော်လည်း ယင်းအပေါ် အားရကျေနပ်မှု မရှိသင့်ဘဲ လက်ရှိ အနေအထားကို ဆက်လက်ထိန်း သိမ်းရန် လိုအပ် ကြောင်း ကစားသမားများအား တိုက် တွန်းခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၅) အပြီးတွင် ပွဲတိုင်းအနိုင်ရခဲ့ပြီး ပြိုင်ပွဲစုံ၌ (၈)ပွဲဆက်တိုက် အနိုင်ရခဲ့ကာ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးမှတ်တမ်းဖြစ်ခဲ့သလို ဂွါဒီယိုလာ၏ နည်း ပြဘ၀တွင် ရာသီ အစအကောင်းဆုံး ရလဒ်ဖြစ်ခဲ့သည်။ မန်စီးတီးအသင်းသည် အဆိုပါ(၈)ပွဲတွင် (၂၅)ဂိုးအ ထိသွင်းယူခဲ့ပြီး ၎င်းင်းတို့၏ ကစားပုံကို မီဒီယာများက ချီးကျုးရေးသားနေသော်လည်း ဂွါဒီယိုလာက ပွဲတစ်ပွဲကို လွယ်ကူမည်ဟု မသတ်မှတ် သင့်ရန် သတိပေးစကားဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဂွါဒီယိုလာသည် လာမည့်တစ်ပတ်တွင်က စားမည့် ဆွမ်ဆီးနှင့်ပွဲကို အနိုင်ရခဲ့ပါက ၂၀၀၉-၁၀ ရာသီက ချယ်လ်ဆီး နည်းပြဟောင်း အန်ဆယ်လော့တီ တင်ရှိခဲ့သည့် ပရီးမီးယားလိဂ်ရာသီအစ(၆)ပွဲဆက် နိုင်ပွဲရခဲ့သော မှတ်တမ်းကို အမီလိုက်နိုင်မည်ဖြစ်သည်။

REF:Daily Mail   , Photo:AFP


Leave a Reply