ဒါဘီပွဲများတွင် အာဆင်နယ်နှင့် မန်စီးတီးတို့ အနိုင်ရမည်ဟု ခရစ္စဆပ်တန် ခန့်မှန်း

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် လန်ဒန်ဒါဘီနှင့် မန်ချက်စတာဒါဘီပွဲများတွင် အိမ်ရှင်အသင်းများဖြစ်သည့် အာဆင်နယ်နှင့် မန်စီးတီးတို့ အနိုင်ရမည်ဟု ပရီးမီးယားလိဂ်သုံးသပ်သူ ခရစ္စဆပ်တန်က ခန့်မှန်းခဲ့သည်။

ခရစ္စဆပ်တန်က အာဆင်နယ်အသင်းသည် စပါးအသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိမည်ဖြစ်ပြီး မန်စီးတီးအသင်းက မန်ယူအသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိမည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် ၎င်းနှင့်အပြိုင် သုံးသပ်မှုပြုလုပ်ခဲ့သည့် အယ်လ်ဂရင်းဝုဒ်ကမူ အာဆင်နယ်က စပါးအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရမည်ဟု ခန့်မှန်းခဲ့ပြီး မန်ယူက မန်စီးတီးကို (၂-၁)ဂိုးဖြင့် အနိုင်ရမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။ Elevensport