ကယားပြည်နယ်ပါတီကော်မတီဝင်များနှင့် ဘောလခဲခရိုင် ပါတီကော်မတီ ၀င်များ တွေ့ဆုံပွဲပြုလုပ်

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို ဘောလခဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၇) ရက် နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတွေ့ဆုံပွဲတွင် သဘာပတိအဖွဲ့အဖြစ် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကျော်သန်း၊ဦးအေးမောင်နှင့် ဦးစိုင်းသာစိန်တို့က ဆောင်ရွက်ပြီး၊ ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ဘောလခဲ ခရိုင်ပါတီကော်မတီဝင်များ၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ်ကော်မတီဝင်များ အသီးသီးတက်ရောက် ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းမှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး တက်ရောက်လာသော ခရိုင်/မြို့နယ် အလိုက် ပါတီဥက္ကဋ္ဌအသီးသီးမှ လက်ရှိအခြေအနေနှင့် ပါတီရှေ့လုပ်ငန်းစဉ် များ ၂၀၂၀ ပါတီအောင်နိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးအောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ စုစုပေါင်းအင်အား (၆၅)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို (၁၁း၁၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဗျားမြာမောင်(ချိကယ်သူ)


Leave a Reply