မွေးနေ့မှာ တေးဂီတဗီဒီယိုသစ်ထွက်တဲ့ ဘီယွန်စေး

အမေရိကန် အဆိုတော် ဘီယွန်စေးသည် စက်တင်ဘာ ၄ ရက်တွင် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များအတွက် တေးဂီတ ဗီဒီယိုသစ် ထွက်ရှိခြင်းဖြင့် အသက် (၃၅)နှစ်ပြည့်မွေးနေ့ ကျင်းပခဲ့သည်။

14281328_1093479544033248_971663794_n

မာရီယာကာရေးက တွစ်တာစာမျက်နှာတွင် ဖော်ပြ၍ မွေးနေ့ဆုတောင်းပေးခဲ့သော ဘီယွန်စေးနှင့် အမှတ်တရဓာတ်ပုံ 

ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးသည် စက်တင်ဘာ ၄ ရက်တွင် အသက် (၃၅)နှစ်ပြည့်ခဲ့ ပြီး ထိုနေ့တွင် Hold Up တေးဂီတ ဗီဒီယိုထွက်ရှိခဲ့သည်။ ယခင်က Hold Up တေးဂီတဗီဒီယိုကို ဘီယွန်စေး၏ ခင်ပွန်း ဖွင့်ထားသော Tidal ဝက်ဘ်ဆိုက်၌ နားဆင်နိုင်သော်လည်း ပရိသတ်များအနေဖြင့် စက်တင်ဘာ ၄ ရက်မှစ၍ ယင်းဗီဒီယိုကို အွန်လိုင်း၌ ကြည့်ရှုနိုင်ပြီဖြစ်သည်။

ထိုအတောအတွင်း ကမ္ဘာတစ်ဝန်းရှိ ဘီယွန်စေးပရိသတ်များနှင့် အနုပညာလောကမှ မောင်နှမများကလည်း ဘီယွန်စေး အတွက် မွေးနေ့ဆုတောင်းများကို လူမှုမီဒီယာများတွင် ဖော်ပြခဲ့သည်။ အဆိုတော် မာရီယာကာရေးက ဘီယွန်စေးနှင့် အမှတ်တရ ဓာတ်ပုံကို တွစ်တာစာမျက်နှာတွင် ဖော်ပြပြီး မွေးနေ့ ဆုတောင်း ပေးခဲ့သည်။

Ref: Contactmusic


Leave a Reply