မန်စီးတီးကွင်းလယ်လူ နာဆရီ ဆီဗီလာအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိ

14183934_1758173907768826_3299258190128874388_n

မန်စီးတီးအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား နာဆရီသည် စပိန်လာလီဂါကလပ် ဆီဗီလာအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ရန် စပိန်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

နာဆရီသည် နည်းပြသစ် ဂွါဒီယိုလာ မန်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် အလိုမရှိစာရင်း အသွင်းခံခဲ့ရသည့် ကစားသမားများစွာထဲမှ တစ်ဦးဖြစ်ပြီး အသက်(၂၉)နှစ်ရှိနေပြီဖြစ်သည်။

ဆီဗီလာအသင်းသည် နာဆရီကို အငှားခေါ်ယူစဉ်ကာလအတွင်း လစာ၏ (၆၅%)ကိုသာ ပေးချေရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

နာဆရီသည် ပြီးခဲ့သည့်ရာသီကလည်း မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ပွဲသာ ကစားခွင့် ရရှိခဲ့သည့်အတွက် ယခုအငှားချခံခဲ့ရသော်လည်း မကြာမီ အပြီးသတ် လမ်းခွဲရဖွယ် ရှိနေပြီဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်လျက်ရှိသည်။

Photo: twitter


Leave a Reply