ဒေသအကျိုး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး

သြဂုတ်လ (၂၈) ရက် နံနက် (၈) နာရီအချိန် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၂) လက်ပြရပ်ကွက်တွင် ရေနံပိုက်လိုင်းမှ ရေနံယိုစိမ့်မှုတခုဖြစ်ပွားခဲ့ပါသည်။

Shwe Nwe Yo3

အဆိုပါရေနံပိုက်လိုင်းသည် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ ကျောက်ခွက်လက်ပန်တို ရေနံမြေမှ ထွက်ရှိသော ရေနံများကို ပခုက္ကူမြို့နယ် အရာတော်ရေနံသိုလှောင်စခန်းသို့ ပို့လွှတ်သော ရေနံပိုက်လိုင်း ဆွေးမြေ့မှုမှ ပေါက်ခဲ့ရာ လက်ပြရပ်ကွက်အတွင်းမှ အုပ်ချုပ်ရေးအဖွဲ့များ လူမှုရေးအဖွဲ့များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များမှ အရေးပေါ် လုံခြုံရေး၊ မီးလောင်မှု မဖြစ်ပွားရေး ကိစ္စများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး ပခုက္ကူမြိုနယ်မှ ခရိုင်မှအုပ်ချုပ်ရေး တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မီးသတ် တပ်ဖွဲမှူးအဖွဲ့များ ပူးပေါင်းကာ သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုများအပါအဝင် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေနွယ်ရိုး (ပခုက္ကူ)


Leave a Reply