ထိုင်းအသင်းကို အနိုင်ရဖို့ ကြိုးစားမယ်လို့ ယူ ၁၉ နည်းပြ ဦးမျိုးလှိုင်ဝင်းပြော

14095955-738449259627222-6429664713929897590-n-1-

မြန်မာအသင်းဟာ ဗိုလ်လုပွဲကိုတက်ဖို့  မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို အနိုင်ရဖို့ ကြိုးစားမယ်လို့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောထားပါတယ်။ 7Day Daily ရဲ့ ဖော်ပြချက်အရ နောက်ဆုံးပွဲစဉ်မှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်ပြီး  ဘောလုံးပွဲဆိုတာ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ယူ ၁၉ နည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောထားပါတယ်။

 ယူ-၁၉ လေးနိုင်ငံဖိတ်ခေါ်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်တွေအပြီးမှာ ဗီယက်နမ်က ရမှတ်လေးမှတ်နဲ့ ဦးဆောင် ထားပါတယ်။ ဆာပေါ်ရို ယူ-၁၈ နဲ့ ထိုင်း ယူ-၁၉ အသင်းတို့က ရမှတ်သုံးမှတ်စီရထားပြီး အိမ်ရှင်မြန်မာ ယူ- ၁၉ အသင်းက ရမှတ်တစ်မှတ် ရရှိထားပါတယ်။

  ပြိုင်ပွဲကျင်းပပုံစနစ်အရ အုပ်စုနောက်ဆုံးပွဲများ အပြီးမှာ အမှတ်အများဆုံးရတဲ့ နှစ်သင်းက ဗိုလ်လုပွဲနဲ့ အမှတ် အနည်းဆုံးရတဲ့ နှစ်သင်းက တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF


Leave a Reply