အာဖဂန်က အမေရိကန်တက္ကသိုလ် တိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး

la-1472056936-snap-photo

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က အမေရိကန်တက္ကသိုလ်မှာ သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့  ကျောင်းသား ၇ ဦးအပါဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ မြို့ရဲ့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့က တိုက်ခိုက်မှုမှာ သေနတ်သမားတွေက ဖောက်ခွဲရေး ပစ္စည်းတွေကိုပါ သုံခဲ့ပြီး တက္ကသိုလ် ပရဝုဏ်ထဲမှာ သေနတ်နဲ့ ပစ်ခဲ့တယ်လို့ အစီရင်ခံထားပါတယ်။

နိုင်ငံခြားသား ဝန်ထမ်းတွေနဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ပိတ်မိနေခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိ တယောက်နဲ့ ကျောင်းသားတယောက်က ပြောပါတယ်။

အာဖဂန်အထူးတပ်ဖွဲ့တွေက တက္ကသိုလ် ကျောင်းဝင်းကို ဝိုင်းထားပြီး သေနတ်ပစ်သံတွေ ဆက်ရှိနေတုန်းလို့ ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အရာရှိက ပြောပါတယ်။

သေနတ်သမား အတော်များများထဲမှာ တချို့က အသေခံဝတ်စုံတွေ ဝတ်ထားတယ်လို့ အစောပိုင်းက အစီရင် ခံထားကြောင်း သူက ဆက်ပြောပါတယ်။

ခုဖြစ်ရပ်ဟာ အာဖဂန်နစ္စတန် နိုင်ငံအတွင်း တက္ကသိုလ် ဒါမှမဟုတ် တက္ကသိုလ်ဝန်ထမ်း ကို ပစ်မှတ်ထား တိုက်ခိုက်မှု ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

(DVB)


Leave a Reply