မြောက်ကိုရီးယားခြိမ်းခြောက်မှုရှိသည့်ကြားမှ တောင်ကိုရီးယားနှင့်အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

ဆိုးလ် သြဂုတ် ၂၂

မြောက်ကိုရီးယားနိုင်ငံ၏ တိုက်ခိုက်မှုများကို တန်ပြန်ရန် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံမှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် တနင်္လာနေ့တွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရသည်။

14034724_1257395384279972_6550612183460692837_n

မြောက်ကိုရီးယားနိုင်ငံကလည်း ယင်းကဲ့သို့ ၂ နိုင်ငံ စစ်ရေးလေ့ကျင့်မှုပြုလုပ်ပါက နျုကလီးယားဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

နှစ်စဉ် နှစ်ပတ်ကြာပြုလုပ်လေ့ရှိသည့် အူလ်ချီလွတ်မြောက်ရေး စစ်ရေးလေ့ကျင့်မှုတွင် ကိုရီးယားမှ တပ်ဖွဲ့ဝင် ၅ သောင်းနှင့် အမေရိကန်စစ်သား ၂ သောင်း ၅ ထောင်တို့ ပါဝင်ကြသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်ပေါ်မှ ကွဲကွာနေသည် နှစ်နိုင်ကြား တင်းမာမှုကို အရှိန်မြင့်စေသည်။

စစ်ရေးလေ့ကျင့်မှုစတင်ချိန်တွင် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးက နိုင်ငံမှ ထွက်ပြေးမှုများသည် မြောက် ကိုရီးယားပြည်တွင်း၌ ၀ရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်လာစေခဲ့ကြောင်း ပြောကြားသည်။

Ref:AFP

#Democracytpday


Leave a Reply