အောက်တိုဘာအတွင်း အီးယူသို့ ဗီဇာမလိုဘဲ သွားလာခွင့်မပြုပါက ရွှေ့ပြောင်းကိစ္စ သဘောတူညီမှုကို စွန့်လွှတ်မည်ဟု တူရကီပြော

အီးယူအနေဖြင့် တူရကီနိုင်ငံသားများအတွက် ဗီဇာမလိုဘဲ သွားလာခွင့်ကို အောက် တိုဘာအတွင်း ခွင့်ပြုပေးသင့်ပြီး ထိုသို့မဟုတ်ပါက အီးယူသို့ တရားမ၀င် ရွှေ့ပြောင်း နေထိုင်သူများ ၀င်ရောက်မှုကို တူရကီက တားဆီးပေးရေး သဘောတူညီမှုကို ဘေးဖယ်ထားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက ဂျာမနီသတင်းဌာနတစ်ခုအား ပြောကြားသည်။

အောက်တိုဘာမှစ၍ တူရ ကီနိုင်ငံသားများကို အီးယူက ဗီဇာမလိုဘဲ ၀င်ရောက်ခွင့်မပြုပါ က တူရကီနိုင်ငံရှိ ဒုက္ခသည် ထောင်ပေါင်း များစွာတို့သည် ဥရောပသို့ သွားရောက်ခြင်း ရှိ၊မရှိမေးမြန်းရာ ကာဗူဆိုဂလူက‘‘အနာဂတ်မှာ ဖြစ်လာမယ့်အဆိုး ဆုံးအခြေအနေကို ကျွန်တော် မပြောချင်ဘူး။ အီးယူနဲ့ဆက်ပြီး ဆွေးနွေးနေပေမယ့် ကျွန်တော်တို့ဟာ သဘောတူညီမှု အားလုံးကို တစ်ချိန်တည်း အကောင်အထည် မဖော်ရင် အဲဒါတွေကို ဘေးဖယ် ထားမယ်ဆိုတာ ရှင်းပါတယ်’’ ဟု ပြန်လည်ဖြေကြားသည်။

ဥရောပသို့ တရားမ၀င်ရွှေ့ ပြောင်းနေထိုင်သူများ ၀င်ရောက် မှုကို တားဆီးပေးရေး တူရကီပါ ၀င်ကူညီပေးမှုအတွက် အဓိကဆု လဒ်ဖြစ်သော အီးယူသို့ ဗီဇာမလိုဘဲ ၀င်ရောက်ခွင့်သည် အာဏာသိမ်းမှုဖြစ်ပြီးနောက် အန်ကာရာ အစိုးရ၏ နှိမ်နင်းမှုများ၊ တူရကီနိုင်ငံ၏ အကြမ်းဖက်မှုနှိမ်နင်းရေး ဥပဒေပြုခြင်းများနှင့် ပတ်သက်သော အငြင်းပွားမှုကြောင့် အကောင်အထည်ဖော်ရန် ကြန့်ကြာနေရသည့် ကိစ္စတစ်ခုဖြစ်သည်။

—Ref: Reuters


Leave a Reply