ထိုင်းစစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျ ငါးဦးသေဆုံး

တနင်္ဂနွေနေ့က ပျောက်သွားခဲ့သော ထိုင်းစစ်ရဟတ်ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော ရာသီဥတုကြောင့် ပျက်ကျခဲ့ကြောင်း နှင့်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါသွားသူ ငါးဦးစလုံး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်က တနင်္လာနေ့တွင် ပြောသည်။

သေဆုံးသူများတွင် အမှတ် (၄) ခြေလျင်တပ်ဖွဲ့ အုပ်ချုပ်သူ အရာရှိ ဗိုလ်ချုပ်နော့ပွန်းရန်ချန်း ပါဝင်သည်ဟု ဒုတိယဗိုလ်ချုပ် ကြီး ဆွမ်ဆက်နင်ဘန်ဂျာကန်က ပြောသည်။

 ရာသီဥတုဆိုးရွားမှုကြောင့် မြင်ကွင်းမှုန်ဝါး၍ ပျက်ကျခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ပြောကြားသည်။

 UH7-72 ရဟတ်ယာဉ်သည် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တောင်အနီး ချင်းမိုင်အရပ်၌ ပျက်ကျခဲ့သည်ဟု ၎င်းက ပြောသည်။

ရဟတ်ယာဉ်သည် မြန်မာနိုင်ငံနယ်စပ်အနီး ရေဘေးကယ် ဆယ်ရေးစခန်းတစ်ခုမှ ဖစ်ဆန်နူလော့မြို့ရှိ စစ်အခြေစိုက် စခန်း သို့ အပြန်လမ်းတွင် ပျက်ကျခဲ့ ခြင်းဖြစ်သည်။

 ရဟတ်ယာဉ်ပေါ်တွင် ရဟတ်ယာဉ်မှူးနှစ်ဦးနှင့် စက်ပြင်ဆရာနှစ်ဦးတို့လည်း လိုက်ပါလာ ခဲ့သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်ဆက်နင်ဘန်ဂျာကန်က ပြောသည်။

—Ref: Reuters


Leave a Reply