ဦးလင်းထွန်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးရန်ကုန်မြောက်ပိုင်းခရိုင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပါတီသည် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အထိ မျက်နှာစုံညီအစည်းအဝေးများကျင်းပပြီး တိကျသောမူဝါဒ၊ ပွင့်လင်းမြင်သာသော ရွေးချယ် တင်မြှောက်မှုများနှင့်ပါတီအဆင့်ဆင့်ကိုရွေးချယ်ခဲ့ပါသည်။ ၄င်းပါတီကော်မတီဝင်များက ညီလာခံသို့ တက်ရောက်ကြမည့်ကိုယ်စားကော်မတီများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုရွေးချယ်ခံကိုယ်စားလှယ်များအား တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြအပ်ပါသည်။

ဦးလင်းထွန်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးရန်ကုန်မြောက်ပိုင်းခရိုင်
• အရင်တုန်းက ပါတီမှာ ဘယ်လိုမျိုး တာဝန်ယူခဲ့ရသလဲ ဆိုတာကို ရှင်းပြပေးပါခင်ဗျ။
ကျွန်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဘဝတုန်းက ၁၉၉၅ ခုနှစ်မှာ ကျွန်တော်အသင်းကို သက်ငယ် အသင်းသားတစ်ယောက်အနေနဲ့ ဝင်ရောက်ခဲ့ပါတယ်။ အသက်၁၈ နှစ်ပြည့်ပြီး ၂ဝဝဝပြည့်နှစ်မှာ ရပ် ကွက်အမှုဆောင်တာဝန်ကို ထမ်း ဆောင်ခဲ့တယ်။ ၂ဝဝ၄ခုနှစ်မှာ မြို့နယ်အလုပ်အမှုဆောင် တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ ၂ဝဝ၆-၂ဝဝ၇မှာ အသင်းရဲ့ဌာနချုပ်က တာဝန်ပေးတဲ့အတွက် ဒေသရေး ရာညှိနှိုင်းရေးမှူးတာဝန်ကို ထမ်း ဆောင်ခဲ့ပြီးတော့ ၂ဝဝ၈ခုနှစ်မှာ တော့ ခရိုင်ရဲ့ လိုအပ်ချက်အရ အလုပ်အမှုဆောင်တာဝန်ကို ထမ်း ဆောင်ခဲ့ပြီးတော့ ၈-၆-၂ဝ၁ဝမှာ ပါတီအဖြစ် ပြောင်းသွားတဲ့အချိန် မှာ ခရိုင်ပါတီကော်မတီဝင် တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ ၂ဝ၁၂ခုနှစ် ခရိုင် ပါတီအတွင်းရေးမှူးသည် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဖြစ်နေတယ်။ ပါတီရဲ့မျက် နှာ စုံညီအစည်းအဝေးရဲ့ရွေးချယ် ခံတဲ့နေရာမှာ ကျွန်တော်မဲအများ ဆုံးရရှိတဲ့အတွက် တွဲဖက်အတွင်း ရေးမှူးပေါ့။ဒုခေါင်းဆောင်တာဝန် ကို ထမ်းဆောင်ခဲ့ပါတယ်။ခုပါတီ ရဲ့ မျက်နှာစုံညီ အစည်းအဝေး ဒုတိယအကြိမ် အစည်းအဝေးပေါ့။ ခရိုင်က ပြန်လည်ရွေးချယ်တဲ့ အတွက် ကျွန်တော်အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
• ရပ်ကျေးမြို့နယ် ခရိုင်အဆင့် တွေကို ဘယ်လိုမျိုးရွေးချယ်ခဲ့ တယ်ဆိုတာ နည်းနည်းလောက် ရှင်းပြပေးပါခင်ဗျ။

ခရိုင်ကနေပြီးတော့ မြို့နယ်ရပ် ကွက်အဆင့်တွေကို ရပ်ကွက် ကျေးရွာပါတီများ ပြန်လည် ပြင်ဆင်ရွေးချယ်ရေးကော်မရှင်ကို မြို့နယ်ပါတီ ကော်မတီဝင်တွေနဲ့ ဖွဲ့စည်းပေးပါတယ်။ ကျေးရွာ အုပ်စု အနည်းအများအလိုက် အပေါ်မူတည်ပြီးတော့ သုံးဖွဲ့ရှိ ပါတယ်။ ငါးဖွဲ့ရှိပါတယ်။ အဖွဲ့ အနည်းအများအလိုက် ၂ဝ၁၆ ခုနှစ်အတွင်းမှာ ရွေးချယ်ပွဲလုပ် ပါတယ်။ ပါတီဝင်အားလုံးကို ဖိတ် စာနဲ့ဖိတ်ခိုင်းပါတယ်။ ပြီးတော့ မိမိပါတီအကျိုးလိုလားတဲ့သူ ပါတီ ကို စိတ်ပါဝင်စားတဲ့သူတွေကို လည်း ဖိတ်ပါတယ်။ ဒီထဲကမှ ကျွန်တော်တို့ရပ်ကွက် ကျေးရွာ အဆင့်ကို ရွေးချယ်ဖို့အတွက် လက်ရှိ ရှိတဲ့ငါးယောက်အပြင် ထပ်ဆောင်းငါးယောက်ကို ရွေး ရမှာဖြစ်တဲ့အတွက် အဆိုပြုလွှာ တောင်းပါတယ်။တောင်းတဲ့အချိန် မှာ ငါးဦးထက်ပိုရင် အရင်ဆုံး ကျွန်တော်တို့ Pre ပြန်ရွေး ပါတယ်။ ရွေးပြီးတော့ကျွန်တော်တို့ ဒီ Pre ပေါ်မှာမှငါးယောက်ကို ရွေး ပါတယ်။ ရွေးပြီးတော့မှ အဲ့ဒီ ငါးယောက်ကို ကျွန်တော်တို့က လူငယ်လူကြီး အမျိုးသမီးပေါ့။ မျှတအောင် ရွေးချယ်ပြီးတော့မှ ထပ်ဆောင်းရွေးတဲ့ ငါးယောက်နဲ့ ဒီကျေးရွာမျက်နှာစုံညီအစည်း အဝေးမှာ ဆန္ဒမဲပေးတဲ့စနစ်နဲ့ပြန်ရွေး ချယ်ပါတယ်။ မြို့နယ်အဆင့်ကို တော့ ရပ်ကွက်ကျေးရွာ မျက်နှာ စုံညီအစည်းအဝေးမှာတစ်ခါတည်း ကြေညာခဲ့ပါတယ်။ (ပ)ခေါင်း ဆောင်နဲ့ (ဒု)ခေါင်းဆောင်နှစ်ဦး တက်ရောက်ခွင့်ကြေညာပေးခဲ့တယ်။ မြို့နယ်မျက်နှာစုံညီအစည်းအဝေး မှာ ခရိုင်အဖွဲ့ထဲက ကော်မရှင် အနေနဲ့ ပြန်လည်ရွေးချယ်ရေးကော် မရှင်အနေနဲ့ ပြန်လည်ရွေးချယ်ပါ တယ်။အဲ့ဒီမှာရရှိလာတဲ့ ၁၅ ဦးထဲ ကမှ ကျွန်တော်တို့က ၁၅ ဦးပဲ အချင်းချင်းပြန်လည်မဲပေးတဲ့စနစ် နဲ့ ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူး တစ်ဦး၊ဘဏ္ဍာရေးမှူးတစ်ဦးတို့ကို ရွေးချယ်ပါတယ်။ မြို့နယ်မျက်နှာ စုံညီအစည်းအဝေးတွေမှာလည်း ခရိုင်ပါတီမျက်နှာစုံညီ အစည်း အဝေးတက်ရောက်ခွင့်ရှိတဲ့သူတွေ ကို ကြေညာပေးပါတယ်။ ခရိုင် မျက်နှာစုံညီအစည်းအဝေးကို ကျွန်တော်တို့ ခရိုင်မျက်နှာစုံညီ အစည်းအဝေးဆို ၁၇-၇-၂ဝ၁၆မှာ ကျင်းပပါတယ်။ဒီ ၁၈ယောက်မှာမှ ခရိုင် နဃ ကိုးယောက်ကို မဲစနစ်နဲ့ ရွေးပါတယ်။

ဒီကိုးယောက်ကမှ အချင်းချင်း ပြန်လည်မဲပေးပြီးတော့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးရွေး ပါတယ်။

• အရင်ရွေးချယ်မှုနဲ့ခု ပြည်သူ့ ပါတီဖြစ်အောင်ရွေးချယ်မှု အဲဒါ လေးတစ်ချက်ရှင်းပြပေးပါဦး။

က အရင်ရွေးချယ်မှုက အရင် လူနဲ့ပြောရရင်တော့ အဲ့ဒီတုန်းက ကျွန်တော်တို့က မျက်နှာစုံညီ အစည်းအဝေးဆိုတာစကျင်းပတာ ဆိုတော့ကျွန်တော်တို့က ဖြစ်အောင် လုပ်လိုက်ရတဲ့သဘောလေးတွေရှိ တယ်။ ကျွန်တော်တို့ ထပ်ဆောင်း ရွေးတယ်။ ဒါပေမဲ့ ဒီလူတွေက လည်းခရိုင်ကို အရွေးချယ်ခံလာ တယ်။ပထမအကြိမ်တုန်းကလည်း ကျွန်တော်တို့ခရိုင်မှာ လူသစ်နှစ် ယောက်ပါလာတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က ခရိုင်ကို မလာ ချင်ပါဘူးဆိုပြီး မြို့နယ်ကိုပြန်ဆင်း သွားတော့ ဒီအရင်ရှိတဲ့ ခရိုင် EC ကိုးဦးပဲ ပြန်တာဝန်ထမ်းဆောင်ရ တာတွေရှိတယ်။အဲ့ဒီတော့ထပ်ရွေး လိုက်ကွာဆိုပြီး ရွေးလိုက်တာတွေ ရှိတယ်။ အများကို ချပြတာတွေ မရှိခဲ့ဘူး။ ကျွန်တော်တို့ Selected လုပ်ပြီးတော့ရွေးလိုက်တယ်။ဒီ တစ်ကြိမ်မှာတော့ အများကြိုက် ပေါ့၊ ကျွန်တော်တို့ပါတီရွေးချယ် ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အတူ မြို့နယ်ကို ဦးဆောင်နိုင်တဲ့ သူ ဖြစ်ရမယ်။ မြို့နယ်ဆိုမြို့နယ် ဦးဆောင်နိုင်တဲ့သူ၊ သြဇာရှိတဲ့သူ၊ ပြည်သူထဲကို ထဲထဲဝင်ဝင်စိမ့်ဝင် နိုင်တဲ့သူဖြစ်ရမယ်။သြဇာညောင်း တဲ့သူပေါ့။ ပညာအရည်အချင်း လည်း အသင့်အတင့်ရှိရမယ်ဆို တဲ့အချက်အလက်တွေ။ လူငယ်ဆို လည်း လူငယ်ပါဝင်ရမယ်ဆိုတဲ့ အချက်အလက်တွေပါပါတယ်။ခရိုင်ဆိုလည်း ခရိုင်အဆင့် ဒီတစ် ခရိုင်လုံးကို သွားနိုင်ရမယ်။ ပြော ရဲဆိုရဲလည်းရှိရမယ်။ထဲထဲဝင်ဝင် သွားနိုင်တဲ့သူမျိုးကိုပေါ့။ ဒါတွေ ကို သေချာစိစစ်ရွေးချယ်ပြီးတော့ အဆင့်ဆင့်ရွေးချယ်တင်မြှောက် လာတဲ့အတွက် အရင်ကထက်စာ ရင် ဒီဒုတိယအကြိမ်မှာပိုပြီး ပွင့် ပွင့်လင်းလင်းရှိလာတယ်လို့ ကျွန် တော်အနေနဲ့ယူဆပါတယ်။
အနှစ်ချုပ်ပြောလိုတာက ကျွန်တော်တို့ပါတီမှာ ပါတီအဆင့် ဆင့်၏ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ပါတီ အဆင့်ဆင့်ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေးလုပ်ထုံးလုပ်နည်းများ ဆိုတာက တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် တိတိကျကျဖြန့်ဝေ ပေးထားတဲ့အတွက် ကျွန်တော်တို့ ပါတီအဆင့်ဆင့်ရွေးချယ်တဲ့နေရာမှာ ထိုဥပဒေစည်းကမ်းလုပ်ထုံးလုပ် နည်းများကို လိုက်နာပြီးတိတိ ကျကျဆောင်ရွက်ခဲ့ပါတယ်။

Union daily


Leave a Reply