အိုလံပစ်ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူမှာငယ်စဉ်က ရေကြောက်သူတစ်ဦးဖြစ်

13958037_1739940456246455_1743057410299696816_o

ရီယိုဒီဂျနေရိုးသြဂုတ်၉

ဗြိတိန်နိုင်ငံအတွက် ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရယူပေးခဲ့သူမှာငယ်စဉ်က ရေကြောက်သူတစ်ဦးဖြစ်ခဲ့သည်။ ရေကူးချန်ပီယံ၏ အမည်မှာ အဒမ်ပီတီဖြစ်ပြီး ၁၉၈၈ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံသည် အိုလံပစ်ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် ဝေးခဲ့ရာမှ ၄င်းက ပထမဦးဆုံးအကြိမ်အဖြစ် ရွှေတံဆိပ်ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် စတန်းဖို့ဒ်ရှိုင်းယားဇာတိဖြစ်ပြီး အသက်၂၁နှစ်သာရှိသေးသည်။ ၄င်း၏ အဘွားဖြစ်သူက ပီတီမှာ ငယ်စဉ်အခါက ရေကူးရခြင်းကို မနှစ်သက်ကြောင်း၊ ငယ်စဉ်က ရေကို ကြောက်ကြောင်း၊ ၄င်း၏ မိခင်က ရေကူးကန် သို့ ခေါ်သွားတိုင်း ကြောက်လန့်တကြား အော်လေ့ရှိကြောင်း ပြောပြခဲ့သည်။

၎င်းသည် ယခုအခါ အိုလံပစ်ရေကူးချန်ပီယံဖြစ်လာရုံမျှမက က္ဘာ့စံချိန်ချိုးနိုင်သူတစ်ဦး ဖြစ်လာခဲ့သည်။
၎င်း၏ မိခင်ဖြစ်သူကလည်း သားဖြစ်သူပီတီသည် တခြားသော လူငယ်များကဲ့သို့ ပါတီတက်ခြင်း၊ အရက် သောက်ခြင်းများ မပြုလုပ်ဘဲ ၄င်း၏ အိပ်မက်ကို ပုံဖော်နိုင်ရန်သာ တစိုက်မတ်မတ် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့ သည်။ ရေကူးပြိုင်ပွဲ၌ပီတီ၏ ယှဉ်ပြိုင်မှုကိုမိသားစုနှင့်သူငယ်ချင်းများက အားပေးခဲ့ကြသည်။

(ဘီဘီစီ)


Leave a Reply