အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို မန်စီးတီး ခြောက်နှစ်စာချုပ်ဖြင့် ခေါ်ယူ

John-Stones

အဲဗာတန်အသင်းမှ အင်္ဂလန်လက်ရွေးစင် နောက်ခံ လူ ဂျွန်စတုန်းကို မန်စီးတီးက ခြောက်နှစ်စာချုပ်ဖြင့် ခေါ်ယူ လိုက်သည်။

စတုန်း (၂၂) နှစ်သည် ယခု နွေရာသီတွင် ခေါ်ယူလိုသော ကစားသမားများအနက် တစ်ဦး ဖြစ်သည်ဟု မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက ပြောထားရာ ယခုအခါ စတုန်းသည် ဖော်ပြ မထားသည့် ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးသို့ ရောက်လာပြီဖြစ် သည်။ မန်စီးတီးက စတုန်းကို ပေါင် ၄၇ ဒသမ ၅ သန်း ပေး၍ ခေါ်ယူခဲ့ရသည်ဟု ယုံကြည်ရပြီး ရာဇ၀င်တွင် ဈေးအကြီးဆုံး ဗြိ တိန်နောက်ခံလူဖြစ်လာမည်ဟု သတင်းများက ဖော်ပြသည်။

ယူအီးအက်ဖ်အေက မန်စီး တီးနှင့် အဲဗာတန်နှစ်သင်းစလုံး အ တည်ပြုခြင်းမရှိသေးမီ အင်္ဂါနေ့ နံနက်တွင် မန်စီးတီး၏ ချန်ပီယံ လိဂ်ပြိုင်ပွဲဝင် အသင်းသားများ စာရင်းကို ယူအီးအက်ဖ်အေက ကြေညာခဲ့ရာ စတုန်း၏ အမည်ပါ ၀င်လာခဲ့သည်။

‘‘မန်စီးတီးနဲ့ စာချုပ်ချုပ်ဆိုရတာ ကျွန်တော်လုံးဝပျော်ပါ တယ်။ အခုစာချုပ်ချုပ်ပြီးသွားတော့ ကျွန်တော့်ရဲ့ ဘောလုံးသမား ဘ၀မှာ နောက်အဆင့်တစ်ဆင့်ကို တက်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်’’ ဟု ဂျွန်စတုန်း က မန်စီးတီးအသင်း၏ တရားဝင် ၀က်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားသည်။

စတုန်းသည် မန်စီးတီးသို့ ဂန်ဒိုဂန်၊ နိုလီတို၊ ဇင်ရှန်ကို၊ အွာန်ဖိုး၊ လီရွိုင်းရှိန်း၊ ဂါဘရီရယ် ဂျေးဆပ်နှင့် မိုရီနိုတို့ ရောက်လာပြီးနောက် ရှစ်ဦးမြောက် မန်စီးတီး ကစားသမားသစ် ဖြစ်လာသည်။

—Ref: Goal


Leave a Reply