စစ်ကိုင်းတိုင်းဒေသကြီးပါတီ မျက်နှာစုံညီအစည်းအဝေးအကြို ညှိနှိုင်းစည်းဝေး

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အကြိုညှိနှိုင်း အစည်းအဝေးကို သြဂုတ် (၂) ရက်နေ့ ညနေ (၃) နာရီခွဲအချိန်တွင် မုံရွာမြို့ တိုင်းပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသာအေး က အမှာစကားပြောကြားသည်။

( ၃-၈-၂၀၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးပါတီ မျက်နှာစုံညီ အစည်း အဝေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးဖြစ်ပြီး တိုင်း၊ ခရိုင်အဆင့် အလုပ်အမှုဆောင်များနှင့် မြို့နယ် (၃၇) မြို့နယ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Credit – Soepaing Soe


Leave a Reply