အောင်လအန်ဆန်နှင့် ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား ယှဉ်ပြိုင်ရန် စီစဉ်နေ

sporty_0

ရန်ကုန်မြို့၌ အောက်တိုဘာအတွင်း ကျင်းပမည့် One Cham- pionship (MMA) ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသား ကချင်လူမျိုး အောင်လအန်ဆန်နှင့် မစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား Bigdash တို့ ယှဉ်ပြိုင်ရန် OneChampionship အဖွဲ့က စီစဉ်နေကြောင်း သတင်းရရှိသည်။

အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ကျင်းပမည့် အဆိုပါ ကိုယ်ခံပညာပေါင်းစုံ အသုံးပြု ယှဉ်ပြိုင်သည့် (Mixed Martial Arts) MMA ပြိုင်ပွဲတွင် အောင်လ အန်ဆန်နှင့် ရုရှားနိုင်ငံသား Big- dash တို့ တွဲဆိုင်း
ဖြစ်မြောက်ရန် One Championship အဖွဲ့နှင့် ပူးပေါင်းကြိုးစားလျက် ရှိကြောင်း ပွဲစီစဉ်သူ ဇေကော်ပိုရေးရှင်းဥက္ကဋ္ဌ  ဦးဇေသီဟက ပြောသည်။

‘‘အောင်လနဲ့ Bigdash တို့ တွဲဆိုင်း ဖြစ်မြောက်ဖို့ အတွက် ကြိုးစားနေတယ်။ သူတို့နှစ်ယောက်သာ ယှဉ်ပြိုင် ဖြစ်မယ်ဆိုရင် မြန်မာပြည်မှာ လုပ်တဲ့ ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲဖြစ်လာမှာပါ’’ဟု ဦးဇေသီဟကပြောသည်။

အဆိုပါ MMA ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့သမားများ ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်းများ အပါအ၀င် တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပရန် စီစဉ်ထားပြီး လက်ရှိ၌ တွဲဆိုင်းများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် MMA ပြိုင်ပွဲ၌ အောင်လသည် ရုရှားနိုင်ငံသား ဘူဒိုရင်ကို ၎င်း၏ နာမည်ကျော် ချုပ်ကွက်ဖြင့်ဒုတိယ အချီ၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ ပြီး ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ရန် အခြေအနေကောင်းများ ရရှိထား ပြီဟု One Championship ပြိုင်ပွဲ ကျင်းပရေးက ထုတ်ပြန် ထားသည်။

လက်ရှိ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား Bigdash သည် အသက် (၃၂) နှစ် အရွယ်ရှိပြီး MMA သက်တမ်း တစ်လျှောက် ရှစ်ပွဲယှဉ်ပြိုင်ခဲ့ပြီး ရှစ်ပွဲစလုံး အနိုင်ရရှိထားသည်။ ၎င်းသည် ၂၀၁၄ က ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် MMA ပြိုင်ပွဲ၌ ဘရာဇီးနိုင်ငံသား And- rade ကို အလဲထိုးဖြင့် အနိုင်ရရှိကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို ရရှိခဲ့သည်။

 အောင်လသည် မတ်လအတွင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့ သည့် MMA ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသား မိုဟာမက်အလီကို ပထမအချီ၌ ၎င်း၏ နာမည်ကျော်ချုပ်ကွက်ဖြင့် အလဲထိုး အနိုင်ရရှိခဲ့သည်။ အသက် (၃၁) နှစ်အရွယ်
အောင်လ သည် MMA ပြိုင်ပွဲသက် တမ်းတစ်လျှောက် မစ်ဒယ်ဝိတ် တန်းတွင် ၂၇ ပွဲယှဉ်ပြိုင်ထားပြီး ၁၈ ပွဲနိုင်၊ ကိုးပွဲရှုံးရလဒ် ရရှိထားသည်။


Leave a Reply