ကျောက်တံခါးပြည်ခိုင်ဖြိုးပါတီ သစ်ပင်စိုက်ပွဲပါဝင်ဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ကျောက်တံခါး ပြည်ခိုင်ဖြိုးပါတီသည် ယခုလ ၁၆ ရက် နံနက် ၈နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၈၇/၆ တွင် သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

Kyauk T aKhar


အခမ်းအနားသို့ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ အတွင်းရေးမှူးဦးဘုန်းမြင့်ဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်များ၊ ပါတီဝင်လူငယ်များ တက် ရောက်ခဲ့ကြပြီး သတ်မှတ်နေရာ များတွင် သစ်မာပင်များစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)


Leave a Reply