NCA လက်မှတ်မထိုးသော အဖွဲ့များလည်း ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်နိုင်

NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ၂၁ ရာစုပင်လုံ ညီလာခံတွင် တက်ရာက်ဆွေးနွေးခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော် မတီ (၁) နှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့တို့ ဇူလိုင် (၆) ရက်က နေ ပြည်တော်တွင် တွေ့ဆုံခဲ့သည်။

‘‘ညီလာခံကျင်းပတဲ့အခါမှာ ကြားကာလမှာ လက်မှတ်ရေးထိုးသည်ဖြစ်စေ၊ လက်မှတ်မရေးထိုးသည် ဖြစ်စေ NCA မှာ လက်မှတ်မရေးထိုးသေးတဲ့ ညီနောင်အဖွဲ့အစည်းတွေအနေနဲ့ ညီလာခံကို တက် ရောက်ခွင့်ရှိမယ်။ အဲဒီညီလာခံမှာလည်း သူတို့ရဲ့ သဘောထားတွေ တင်ပြဆွေးနွေးခွင့် ပြုမယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ နှစ်ဖက်သဘော တူညီနိုင်ခဲ့ပါတယ်’’ ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တွေ့ဆုံပွဲအပြီး မီဒီယာများအား ပြောကြားသည်။

ထို့အပြင် ပင်လုံညီလာခံ မကျင်းပမီ သြဂုတ်လဆန်းတွင်ပြုလုပ်မည့် နိုင်ငံရေးမူဘောင်များ ပြန်လည် သုံးသပ်ရာ၌လည်း NCA မရေးထိုးထားသည့်အဖွဲ့များပါ ပါဝင်ဆွေးနွေးခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

NCA ကို ယခင်အစိုးရလက်ထက်က ကေအင်န်ယူအပါအ၀င် အဖွဲ့ရှစ်ဖွဲ့က လက်မှတ်ရေးထိုးထား သည်။ ကေအိုင်အို၊ ‘၀’ စသည့် အင်အားကြီးအဖွဲ့များ အပါအ၀င် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့မှာမူ NCA တွင် ပါဝင်ခြင်းမရှိပေ။

7 Day Daily


Leave a Reply