မော်ဒယ်အလှမယ် ပိုးစန္ဒာခင်အား ရေဝေး၌ မီးသင်္ဂြိုဟ်

မော်ဒယ်အလှမယ်တစ်ဦးဖြစ်သူ ပိုးစန္ဒာခင်သည် ယမန်နေ့နံနက် ပိုင်းတွင် Gym ကစားနေရင်း မော၍ အနားယူနေစဉ် ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့သည်။
မော်ဒယ်အလှမယ်ပိုးစန္ဒာခင် အနေဖြင့် Miss Myanmar World 2016 ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထား ကြောင်း၊ Miss Myanmar World 2016 ပွဲ၌ Top 5 အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊ ဝေဟင်နတ် သမီးဆု အပြင် ၂ဝ၁၄-၂ဝ၁၅ခုနှစ် မြန်မာ့ ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေး ပွဲတွင် အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ခဲ့သည်။
ရုတ်တရက်ကွယ်လွန်ခဲ့သည့် အပေါ် Miss Universe Myanmar 2015 အလှမယ် မေဘရန်ဏီ သော်က ”အခုထိမယုံနိုင်သေးဘူး။ သူငယ်ချင်းပိုးစန္ဒာခင် သတင်းရရ ချင်း ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး။ တကယ်မဟုတ် ပါစေနဲ့လို့ ဆုတောင်းမိခဲ့တယ်”ဟု ပြောသည်။
မော်ဒယ်အလှမယ် ပိုးစန္ဒာခင် ၏ ကျန်ရစ်သောရုပ်အလောင်းကို ယနေ့နံနက် ၁၁နာရီတွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

မိစုမွန်


Leave a Reply