နွားနို့ နှင့် ကျန်းမာရေး

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်များကို ပေးစွမ်းနိုင်ပါတယ်

နွားနို့မှာ ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၇) မျိုး ပါဝင်ပါတယ်။ ဒါကြောင့် နွားနို့ သောက်သုံး ပါက ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း၊ မျက်စိအားကောင်းခြင်း၊ သွေးအားကောင်းခြင်းနဲ့ ခုခံအားစနစ် ကောင်းမွန်ခြင်း စတဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

Miik

အရိုးနဲ့သွားများကို သန်မာစေတယ်

နွားနို့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဟာ အရိုးကြီးထွားသန်မာရေး အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

အရိုးပွရောဂါဖြစ်ပွားနှုန်းမှ ကာကွယ်ပေးနိုင်တယ်

ဖောစဖိတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေဟာ အရိုးများသိပ်သည်းဆကို ကောင်းမွန်စေပြီး ကြံ့ခိုင်သန်စွမ်းစေ ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးများမှာ ဖြစ်လေ့ရှိတဲ့ အရိုးပွရောဂါကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ်ဓာတ်ဟာ ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ဖောစဖိတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေပါဝင်တဲ့ နွားနို့ကို မှန်မှန်သောက်သုံးပေးပါ။

နှလုံးရောဂါဖြစ်ပွားနှုန်းမှ ကာကွယ်ပေးနိုင်ပါတယ်

လေ့လာမှုများအရ နွားနို့ကို မှန်မှန်သောက်ပေးတာကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တယ် လို့သိရပါတယ်။ နွားနို့မှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ သွေးဖိအားပုံမှန်ဖြစ်အောင် ထိန်းညှိပေး ပါတယ်။

ဆဲလ်အသေများကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်
နွားနို့ဟာ အသားအရေလှပဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။ နွားနို့မှာပါဝင်တဲ့ လက်တစ် အက်ဆစ် (Lactic Acid) က ဆဲလ်အသေများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်လာအောင် ကူညီဆောင်ရွက်ပေးပါတယ်။ နူးညံ့စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်လိုပါက နွားနို့နဲ့ ပေါင်းတင်လို့ ရပါတယ်။

ကင်ဆာရောဂါများမှ ကာကွယ်ပေးပါတယ်

လေ့လာမှုများအရ နွားနို့ကို မှန်မှန်သောက်သုံးတာကြောင့် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာအပါအ၀င် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ရေဓာတ်ကိုပြည့်ဝနေစေပါတယ်
နွားနို့မှာ ရေမော်လီကျူး အများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ကို ထိန်းသိမ်းပေးပြီး ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ရေဓာတ်ကို ပိုမိုလိုအပ် တာကြောင့် နွားနို့ကို ပုံမှန် သောက်သုံးပေးသင့်ပါတယ်။

Credit : Dr.Myanmar


Leave a Reply