ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းနှင့် ဦးခင်ရီ မြို့နယ်အဆင့်ပါတီ မျက်နှာစုံညီ အစည်းအဝေးများသို့ တက်ရောက် အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးစိုးသိန်းနှင့် ဦးခင်ရီ တို့သည် ကယားပြည်နယ်ရှိ မယ်စဲ့ မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရှာတော မြို့နယ်တို့၏ မြို့နယ်အဆင့်ပါတီ မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက်၍ အမှာစကား ပြောကြား အားပေးခဲ့ကြောင်း သိရှိရသည်။

ဦးစွာ ဇွန်လ(၂၃)ရက်၊ နံနက်ပိုင်း မယ်စဲ့မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပ သော မျက်နှာစုံညီ အစည်းအဝေး၌ ကယားပြည်နယ်ပါတီ ပြန်လည် ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကော်မတီ နာယက၊ ဗဟိုအလုပ် အမှုဆောင် ဦးစိုးသိန်း က အမှာစကား ပြောကြားပြီးနောက် တက်ရောက်သူ(၆၅)ဦးတို့က ဒီမိုကရေစီကျကျ လျှို့ဝှက်ဆန္ဒမဲဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးနှင်းဝေ၊ အတွင်းရေးမှူးအဖြစ် ဦးလောရင့်၊ ဘဏ္ဍာရေးမှူး အဖြစ် ဒေါ်အေးအေးထွန်း တို့ အားလည်းကောင်း၊

ယင်းနေ့ ညနေပိုင်းတွင် ဖားဆောင်းမြို့နယ် ပါတီရုံး၌ မြို့နယ်ပါတီ မျက်နှာ စုံညီ အစည်းအဝေးကျင်းပရာ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီမှ အမှာစကား ပြောကြားပြီးနောက် ပါတီဝင် (၅၀)ဦးတို့က ဆန္ဒမဲဖြင့်၊ ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ညို၊ အတွင်းရေးမှူးအဖြစ် ဒေါ်ခင်နှင်းယဉ်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစံရွှေတို့အားလည်းကောင်း၊

ဇွန်လ(၂၄)ရက် နံနက် ပိုင်းတွင် ဘောလခဲခရိုင် ရုံးခန်းမ၌ ဘောလခဲမြို့နယ် မျက်နှာစုံညီကျင်းပရာ ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းက အမှာစကား ပြောကြားပြီးနောက် ပါတီဝင်(၅၄)ဦးတို့က ဆန္ဒမဲဖြင့် ဥက္ကဋ္ဌအဖြစ် ဦးဟန်ထူး၊ အတွင်းရေးမှူး အဖြစ် ဦးအေးမောင်၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ညွန့်ညွန့်သင်း တို့အားလည်းကောင်း၊

ယင်းနေ့ ညနေပိုင်းတွင် ဒီးမော့ဆိုမြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပသော မျက်နှာစုံညီ အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် ဦးခင်ရီမှ အမှာစကား ပြောကြားကာ ပါတီဝင်(၆၀)ဦးတို့က ဥက္ကဋ္ဌအဖြစ် ဒေါ်မေရီယန်၊ အတွင်းရေးမှူး အဖြစ် ဦးဝီလျံဇော်ထိုက်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးဘောစကို တို့အားလည်းကောင်း၊

ဇွန်လ(၂၅)ရက် နံနက်ပိုင်းက ရှားတောမြို့နယ်ပါတီရုံး၌ မြို့နယ်ပါတီ မျက်နှာစုံညီ အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းမှ အမှာ စကားပြောကြားပြီးနောက် ပါတီဝင်(၃၅)ဦးတို့က ဥက္ကဋ္ဌအဖြစ် ဦးပေါလူ၊ အတွင်းရေးမှူး အဖြစ် ဦးစိုင်းညီညီ၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နော်ဟူးဗိုဦး တို့အားလည်းကောင်း အသီသီး ရွေးချယ်ပြီးစီးသည်နှင့် ပြည်နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ကြီးကြပ်မှု ကော်မတီအဖွဲ့မှ အတည်ပြု ပေးခဲ့ပါသည်။

ယင်းသို့ဆောင်ရွက်ရာ မြို့နယ်တိုင်းတွင် ပြည်နယ်ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ခေါင်းဆောင် ဦးကိုးရယ်မှ အဖွဲ့၏ လုပ်ငန်းစဉ်အား ရှင်းလင်းခြင်း၊ ခရိုင်ပါတီ အစည်းအဝေး တက်ရောက်ကြ မည့် ကိုယ်စားလှယ်အမည်စာရင်းကို ကြေညာခြင်း၊ အတည်ပြုခြင်း စသည် တို့ကို ဆောင်ရွက်၍ အခမ်းအနားတိုင်းကို ကြွေးကြော်(၄)ရပ်ဖြင့် ကြွေးကြော် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ကယားလေး( လွိုင်ကော် )


Leave a Reply