ဝါးခယ်မမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး ကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနားကို ဇွန်လ (၂၁) ရက် နံနက် (၁၀) နာရီတွင် မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရွေးချယ်ရေးအဖွဲ့ဝင်များအဖြစ် ဦးဝင်းကိုကို၊ ဒေါက်တာ ဌေးနိုင် နှင့် ခရိုင်ပါတီကော် မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာများမှ ပါတီခေါင်းဆောင်၊ ဒုခေါင်းဆောင်များ စုစုပေါင်း (၁၈၅) ဦး တက်ရောက်ခဲ့ကြသည်။
ဝါးခယ်မမြို့နယ် ပါတီဥက္ကဋ္ဌအဖြစ် ဦးကျော်လွင်၊ မြို့နယ်အတွင်းရေးမှူးအဖြစ် ဦးဇော်နိုင်သန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များအဖြစ် ဦးကိုကိုဦး၊ ဦးကျော်စိုး၊ ဦးမောင်မောင်သန်း၊ ဒေါ်အေးအေးနွယ်၊ ဒေါ်လဲ့လဲ့ထွေး၊ ဒေါ်လွင်လွင်အောင်၊ ဦးတင်ထွဋ်၊ ဦးမြအောင်၊ ဦးညီညီအောင်၊ ဦးဝင်းနိုင်၊ ဦးမြင့်ဦး၊ ဦးကျော်ကျော်ဌေး၊ ဦးကျော်ထွန်းဦး တို့အား အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။
USDP Ayeyarwady Region News