ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ရှမ်းပြည်နယ်(တောင်/မြောက်)ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် ပါတီဗဟိုကော်မတီဝင် များနှင့်အတူ ယခုလ (၁၇) ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်ရုံးခန်းမတွင် ပါတီဝင်များနှင့် တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

အမှာစကားပြောကြားရာတွင် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုများ၊ ပြည်တွင်းစီးပွားရေး တစ်ဦးချင်းဝင်ငွေမှ လူတန်းစားအလွှာအသီးသီး၏ စီးပွားရေး တိုးတက်ရေးဆောင်ရွက်မှုအခြေအနေများ၊ ထင်သာမြင်သာရှိသော လမ်းပန်း ဆက်သွယ်ရေးကိစ္စများ၊ ဆက်သွယ်ရေးကိစ္စရပ်များကို အကျယ်တဝင့် လမ်းညွှန် မှာကြားသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ် (တောင်/မြောက်)မှ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား (၁၄၈) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

Union daily


Leave a Reply