ကားမူးတတ်တဲ့လူတွေ သိထားသင့်တဲ့ အချက် (၈) ချက်

မော်တော်ကားဖြင့် ခရီးသွားကြသူအများစုမှာ ဘာအခက်အခဲမှ မရှိနိုင်သော်လည်း အချို့သူများမှာ မော်တော် ကားဖြင့် ခရီးသွားပါက ကားမူးတတ်ကြသည်။ အချို့လည်း ကားဖြင့် ခရီးတိုစီးလျှင်တောင် ကားမူးတတ်ကြပြန် ပါသည်။ ဒါကြောင့် ကားမူးတတ်သူများအနေဖြင့် သတိထားသင့်တဲ့ အချက်များကို လက်ဆင့်ကမ်း ဖော်ပြပေး လိုက်ပါတယ်။

Car Sick

၁။     သာမန်မူးတာလောက်ဟာ တံခါးဖွင့်လိုက်ပြီး အပြင်လေရတာနဲ့ သက်သာပါတယ်။

၂။     တစ်ခါတစ်ရံမှာ ကားမူးတာဟာ အပြင်ဘက် ရွေ့လျားနေမှုကို ကြည့်တာကြောင့် ဖြစ်ပါတယ်။ မျက်လုံးမှိတ်ထားလိုက်ရင် သက်သာစေပါတယ်။

၃။     ဂျင်းဟာ ကားမူးတာကို သက်သာစေပါတယ်။ ဂျင်းနဲ့လုပ်ထားတဲ့ မုန့်မျိုးကို စားသင့်ပါတယ်။ ဂျင်းကို နည်းနည်းချင်း ဝါးပေးတာမျိုးလည်း လုပ်သင့်ပါတယ်။

၎။     ကားမစီးခင် ခြောက်တဲ့ အစားအစာမျိုးကို စားသင့်ပါတယ်။ ခြောက်တဲ့ အစားအစာတွေဟာ အစာအိမ်ကထွက်တဲ့ အက်ဆစ်တွေကို စုပ်သွားတာကြောင့်ဖြစ်ပါတယ်။

၅။     ကားမူးတဲ့အခါ လက်ကောက်ဝတ်ကို ဖိထားတာကလည်း သက်သာပါတယ်။

၆။     ကားမစီးခင် အနံ့ပြင်းတဲ့ အစားအစာ၊ အဆီများတဲ့ အစားအစာတွေကို မစားသင့်ပါဘူး။ ဗိုက်ပြည့် ကယ်နေအောင် စားထားတာမျိုးလည်း ရှောင်သင့်ပါတယ်။

၇။     ကားမူးတတ်ရင် ကားရဲ့ ရှေ့ဆုံးမှာ ထိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။

၈။     ကားစီးတုန်းတစ်ခုခုကို အာရုံစိုက်တာမျိုးလုပ်ရင် ပိုမူးပါတယ်။ ဥပမာ – ကားစီးတုန်း စာအုပ် ဖတ်တာမျိုးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။

အထက်ပါ အချက်များကို သတိပြုရှောင်ရှားခြင်းဖြင့် ကားမူးခြင်းမှ ကင်းဝေးနိုင်ကြပါစေ။


Leave a Reply