မော်ရင်ဟိုလက်ထက် ပထမဆုံး ခေါ်ယူလိုက်သည့် ကစားသမား

Eric-Bailly-Getty-Images

ဗီလာရီးရဲလ်ကစားသမား အဲရစ်ဘေလီကို မန်ယူအသင်းက ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးတဲ့ နောက် မော်ရင်ဟိုလက်ထက်မှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

အဲရစ်ဘေလီက မေလ ၇ ရက်နေ့မှာ မန်ချက်စတာကို ဆေးစစ်ဖို့အတွက် ရောက်လာခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။ ဘေလီရဲ့ အပြီးသတ် အပြောင်းအရွှေ့ကိစ္စတွေကို မန်ယူအသင်းဘက်ကလာမယ့် သောကြာနေ့ မှာ ကြေငြာမယ်လို့ မျှော်လင့်ရပါတယ်။ အဲရစ်ဘေလီအတွက် ဗီလာရီးရဲလ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ အကုန်ရမှာမဟုတ်ပဲ အသင်းဟောင်း အက်စပန်ညိုအတွက် ပေါင် ၄ သန်းကျော် ပေးချေရမယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် နောက်ခံကစားသမား ဘယ်လီကို မန်ယူအသင်းအပြင် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။ နည်းပြ မော်ရင်ဟိုရဲ့ ထုံးစံအတိုင်း အသင်းရဲ့နောက်တန်း ခိုင်မာအောင် တည်ဆောက်ဖို့အတွက် စိတ်ကြိုက် နောက်ခံကစားသမား တစ်ဦးကို အရင်ဆုံး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Source : Mirror


Leave a Reply