မြို့ခံပြိုင်ဘက်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား (၁၁)ကြိမ်မြောက် ရီးရဲလ်ဆွတ်ခူး

13323821_1720711964848354_9179828335255479937_o

ပြိုင်ဘက် အက်သလက် တီကိုအသင်း ချန်ပီယံလိဂ်ဗိုလ်လု ပွဲ စိတ်ပျက်စရာ ရှုံးနိမ့်မှု ထပ်မံ ဖြစ်ပေါ်ခဲ့သောပွဲတွင် တိုက်စစ် မှူး ရော်နယ်ဒိုက ရီးရဲလ်အတွက် အဆုံးအဖြတ် ပင်နယ်တီသွင်းယူ ခဲ့ပြီး (၁၁) ကြိမ်မြောက် ချန်ပီယံ လိဂ်ဖလား ရရှိခဲ့သည်။

ကလပ်ဘောလုံးလောက၏ အကြီးကျယ်ဆုံးသောပွဲဖြစ်သည့် ဗိုလ်လုပွဲသုံးကြိမ်အတွင်း ဒုတိယ အကြိမ်အဖြစ်ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုက အဆုံးအဖြတ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ အချိန်ပိုထိကစားပြီး တစ် ဖက်တစ်ဂိုးစီ သရေကျနေချိန် ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် ရော်နယ်ဒို၏ အဆုံးအဖြတ် ဂိုးပြီးနောက် ရီးရဲလ်က အက်သလက်တီကိုကို ၅-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။

‘‘အဆုံးအဖြတ် ပင်နယ်တီကို ကျွန်တော်သွင်းရလိမ့်မယ်ဆိုတာ သိထားပါတယ်။ ကျွန်တော် ယုံကြည်ထားခဲ့ပါတယ်။ နည်းပြ ဇီဒန်းကို နောက်ဆုံး ပင်နယ်တီ ကျွန်တော့်ကို ကန်ခွင့် ပေးဖို့ ပြောထားခဲ့ပါတယ်’’ဟု တတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သည့် ရော်နယ်ဒိုက ပြောကြားသည်။

အက်သလက်တီကို နည်းပြ ဆီမြွန်နီကမူ ‘‘ဘောလုံးမှာ အနိုင်ရတဲ့အသင်းက အနိုင်နဲ့ ထိုက်တန်ပါတယ်။ ပင်နယ်တီ ကန်ရာမှာ သူတို့ ပိုကောင်းခဲ့ပါတယ်’’ဟု ပွဲ အပြီးတွင် ပြောကြားသည်။

အက်သလက်တီကိုအသင်းတွင် ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ စဉ်းစားသွားမည်ဟု ဆီမြွန်နီက ဆက်လက် ပြောကြားသည်။ ၎င်းသည် အက်သလက် တီကိုအသင်းကို ကိုင်တွယ်နေသည်မှာ ငါးနှစ်ကြာပြီဖြစ်သည်။ ဇီဒန်းသည် ရီးရဲလ်ကို ကိုင်တွယ်ခဲ့သည်မှာ ငါးလပင်မပြည့်မီ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သည်။ ၎င်းသည် ကစားသမား ဘ၀က ၂၀၀၂ ဗိုလ်လုပွဲတွင် ရီးရဲလ်အတွက် အနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်သည်။

အက်သလက်တီကိုမှ အန်တိုနီဂရစ်မန်းသည် ၄၈ မိနစ်တွင် ပီပီကြောင့် ရရှိသော ပင်နယ်တီကို ကန်သွင်းရာ ဂိုးဘားထိခဲ့သဖြင့် ယင်းမှာ ယခုရာသီအတွင်း လာလီဂါ၌ ရီးရဲလ်ဂိုးသမား ဘေလာ နားဗက်စ်ကို ၎င်း၏ ပင်နယ်တီ ၀င်အောင် မကန်သွင်းနိုင်သော ဒုတိယအကြိမ် လွဲချော်မှုဖြစ်သည်။ သို့သော် ပင်နယ်တီအဆုံးအဖြတ်တွင် ဂရစ်မန်း၏ ကန်သွင်းချက် ဂိုးဝင်ခဲ့သည်။

-Ref;AP


Leave a Reply